တရုတ်နိုင်ငံ၊ Chengdu မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဒရုန်းဘောလုံးပြိုင်ပွဲကြီး (Ablefly National Drone Soccer Championship Finals) ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲကြီးဟာ လူပေါင်း ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့အထိ စည်ကားခဲ့တာပါ။
Chengdu Airport International Convention Center မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ တရုတ် အပါအဝင် နိုင်ငံတကာက အသင်းပေါင်း ၁,၁၁၆ သင်းတောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီပွဲကို People’s Government of Chengdu City နဲ့ Chinese Society of Aeronautics တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကစားပုံပါပဲ။ ပြိုင်ပွဲဝင်တွေက စက်လုံးပုံစံ ဒရုန်းတွေကို ကျွမ်းကျင်စွာ မောင်းနှင်ပြီး တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ထဲဝင်အောင် သွင်းယူရတာပါ။ ဒီပုံစံက Harry Potter ဇာတ်ကားထဲက “Quidditch” ကစားနည်းနဲ့ ဆင်တူလွန်းတာကြောင့် လူပြောများနေတာလည်း ဖြစ်ပါတယ်။

ဒီလို လူအများအပြား ပါဝင်ဆင်နွှဲကြတဲ့ ပြိုင်ပွဲတွေဟာ အနိမ့်ပျံ လေကြောင်းနည်းပညာတွေ (low-altitude aviation technologies) က အားကစားလောကထဲကို ဘယ်လောက်ထိ ထိုးဖောက်ဝင်ရောက်လာပြီလဲ ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။
Ref : Fossbytes