အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရတဲ့အခါ လူသားဦးနှောက်ရဲ့ တုံ့ပြန်မှုက မြန်တယ်လို့ ထင်ရပေမဲ့ အခုပေါ်ထွက်လာတဲ့ “စက်ရုပ်မျက်လုံး” နည်းပညာကတော့ လူထက်တောင် ပိုပြီး မျက်စိလျင်နေပါပြီ။ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး အလိုအလျောက်မောင်း စက်ပစ္စည်းတွေအတွက် လူသားထက် တုံ့ပြန်မှု ပိုမြန်တဲ့ “Reflex” (ရုတ်တရက် တုံ့ပြန်မှု) စနစ်သစ်တစ်ခုကို တီထွင်လိုက်တာပါ။

MSN

ဒီစနစ်က လူတွေရဲ့ အမြင်အာရုံ အလုပ်လုပ်ပုံကို အတုယူထားတာ ဖြစ်ပါတယ်။ ထူးခြားချက်က ပတ်ဝန်းကျင်က အသေးစိတ်အချက်အလက်အားလုံးကို ထိုင်ကြည့်မနေဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုတွေကိုပဲ အရင်ဆုံး ဖမ်းယူတာပါ။ အဲဒီနောက်မှာမှ ကျန်တဲ့အချက်အလက်တွေကို ဖြည်းဖြည်းချင်း ဆက်လုပ်တာဖြစ်လို့ အလုပ်လုပ်ပုံက အရမ်းကို သွက်လက်ပါတယ်။

Understanding Traffic Awareness And Road Safety: A Complete Guide

ဒီနည်းပညာရဲ့ အသက်ကတော့ လှုပ်ရှားမှုကိုပဲ သီးသန့်ကြည့်တဲ့ အထူး Chip ပြားလေးပါပဲ။ သူက အာရုံနောက်စရာ ဘေးပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး လှုပ်ရှားနေတဲ့ အရာဝတ္ထုကိုပဲ စက္ကန့်ရဲ့ တစ်သန်းပုံ တစ်ပုံလောက်ရှိတဲ့ (၁၀၀ မိုက်ခရိုစက္ကန့်) အတွင်းမှာတင် ဖမ်းမိပါတယ်။ ဒါဟာ လက်ရှိသုံးနေတဲ့ နည်းပညာတွေထက် ၄ ဆ ပိုမြန်သလို၊ ပုံမှန်ထက် ၁၀ ဆကျော် ပိုပြီး ထိရောက်ပါတယ်။

အနာဂတ်မှာ ဒီ ‘စက်ရုပ်မျက်လုံး’ တွေကို ကိုယ်တိုင်မောင်းကားတွေ၊ ဒရုန်းတွေနဲ့ စက်ရုပ်တွေမှာ တပ်ဆင်လိုက်ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံရတော့မယ့်အချိန်မှာ လူသားတွေထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ရှောင်ကွင်းနိုင်တော့မှာပါ။ အခုတော့ သုတေသနအဆင့်ပဲ ရှိသေးပေမဲ့ မကြာခင်မှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်က စက်ပစ္စည်းတွေဟာ လူထက်တောင် မျက်စိလျင်ပြီး ဘေးကင်းအောင် လုပ်ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation