Honor Pad X8 ကို ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်ခဲ့တာပါ။ အခုဆိုရင် သုံးနှစ်ခွဲလောက်တောင် ကြာသွားပြီဖြစ်ပေမယ့် Honor Pad X8b ဆိုပြီး ဆော်ဒီအာရေဗျမှာ တိတ်တဆိတ် ထွက်ပေါ်လာပါတယ်။ ဘာလို့ ဒီလောက်ကြာမှ X8b ဆိုတဲ့ နာမည်နဲ့ ထွက်လာရတာလဲဆိုတာကတော့ တော်တော်လေးကို စဉ်းစားစရာပါပဲ။

စွမ်းဆောင်ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင်တော့ အဲဒီ တက်ဘလက်သစ်မှာ 90Hz refresh rate ရရှိတဲ့ ၁၁ လက်မအရွယ် 1920×1200 IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ရော အနောက်ပါ 5MP ကင်မရာတွေ တပ်ဆင်ပေးထားပြီး ဘက်ထရီကတော့ 10,100 mAh အထိ ပါဝင်ပါတယ်။

Honor Pad X8b ဟာ Snapdragon 680 SoC နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး 4GB RAM နဲ့ 128GB storage တို့ တွဲဖက်ပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ MagicOS 10 အခြေခံ Android 16 ကို အသုံးပြုထားပါတယ်။ ကိုယ်ထည်အထူက ၇.၂၅ မီလီမီတာပဲ ရှိပြီး အလေးချိန် ၄၉၆ ဂရမ်ဆိုတော့ ကိုင်တွယ်ရတာ ပေါ့ပါးပါတယ်။ ဆော်ဒီအာရေဗျ ဈေးကွက်အတွက်ကတော့ ဘူးထဲမှာ အားသွင်းခေါင်း ပါ တစ်ခါတည်း ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ ဆော်ဒီအာရေဗျမှာ အခု လာမယ့် နှစ်ပတ်အတွင်း မိတ်ဆက်ပရိုမိုးရှင်း ရှိနေတဲ့အတွက် ၆၄၉ ရီယယ် (ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၇၃ ဒေါ်လာ) နဲ့ ဝယ်ယူနိုင်ပါတယ်။ အဲဒီ ပရိုမိုးရှင်းကာလ ကျော်လွန်သွားရင်တော့ ပုံမှန်ဈေးနှုန်း ၈၄၉ ရီယယ် (ခန့်မှန်းခြေ ကန်ဒေါ်လာ ၂၂၆ ဒေါ်လာ) ဖြစ်သွားပါတယ်။

Ref : gsmarena