တရုတ် စက်ရုပ်နည်းပညာကုမ္ပဏီ AgiBot က တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်မှာရှိတဲ့ သမိုင်းဝင် ရှောင်လင်ဘုရားကျောင်းမှာ ရှောင်လင်ဘုန်းကြီးတွေနဲ့အတူ သိုင်းပညာလေ့ကျင့်နေတဲ့ သူ့ရဲ့ လူတူ စက်ရုပ်တွေပါဝင်တဲ့ ဗီဒီယိုတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

When AI meets ancient kung fu: Viral video from Shaolin Temple shows  humanoid robots training with Shaolin monks. Watch - The Economic Times

အဲဒီစက်ရုပ်တွေဟာ ဘုန်းကြီးတွေနဲ့ ဟန်ချက်ညီညီ လှုပ်ရှားပြီး ကွန်ဖူးကွက်တွေကို အံ့သြလောက်စရာ တိကျမှု၊ မြန်ဆန်မှုနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

Chinese Humanoid Robots Perform Kung Fu, Stir Awe and Anxiety Online

Lingxi X2 စက်ရုပ်တွေဟာ AgiBot ရဲ့ Go-1 AI ကို အသုံးပြုထားပြီး လေ့ကျင့်မှုမလိုဘဲ သိုင်းကွက်တွေကို ကစားနိုင်သလို ပစ္စည်းတွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ အရပ် ၁.၃ မီတာ မြင့်ပြီး အလေးချိန် ၃၃.၈ ကီလိုဂရမ် ရှိတဲ့ အဲဒီစက်ရုပ်တွေဟာ အံ့မခန်း ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းနဲ့ လှုပ်ရှားနိုင်ကြပါတယ်။

အဲဒီဗီဒီယိုဟာ ရှေးဟောင်း ရိုးရာအစဉ်အလာနဲ့ ခေတ်မီနည်းပညာတွေကို ပေါင်းစပ်ပြသထားတာဖြစ်ပြီး စက်ရုပ်တွေက ကွန်ဖူးကွက်တွေနဲ့ လေ့ကျင့်ခန်းတွေကို အတုယူလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး လူတွေက တရုတ်နိုင်ငံရဲ့ နည်းပညာကို အံ့သြချီးကျူးနေကြသလို တချို့ကလည်း လူတူ စက်ရုပ်တွေ အခုလို အလျင်အမြန် တိုးတက်နေတဲ့အပေါ် စိုးရိမ်နေကြပါတယ်။

Ref : Technology Innovation