ပထမဆုံးအကြိမ်အဖြစ် တရုတ်ကားထုတ်လုပ်သူ BYD က ၂၀၂၅ ပြက္ခဒိန်နှစ်အတွက် ကမ္ဘာတစ်ဝန်း ကားရောင်းချမှုမှာ Ford Motor Company ကို ကျော်တက်သွားခဲ့ပါတယ်။

China's BYD Just Beat Ford in Global Sales for the First Time Ever

BYD ဟာ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ကားစီးရေ ၄ ဒသမ ၆ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး Ford ရဲ့ ၄ ဒသမ ၄ သန်းထက် အစီးရေ ၂ သိန်းခန့် ပိုများပါတယ်။

Ford Falls Behind China's BYD in Global Sales For the First Time - Bloomberg

Bloomberg ရဲ့ ဖော်ပြချက်အရ အဲဒီစံချိန်ကြောင့် BYD ဟာ ကမ္ဘာ့အဆင့် ၆ နေရာကို ရောက်ရှိလာပြီး၊ Ford ကတော့ ရောင်းအား ၂ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတဲ့အတွက် အဆင့် ၇ နေရာကို လျှောကျသွားပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေမှာတော့ ကားစီးရေ ၁၁ ဒသမ ၃ သန်း ရောင်းချထားရတဲ့ Toyota Motor Corporation က ဆက်လက်ဦးဆောင်နေပြီး၊ သူ့နောက်မှာ Volkswagen Group (၉ သန်းအောက်)၊ Hyundai Motor Group (၇ ဒသမ ၂ သန်း)၊ General Motors (၆ ဒသမ ၂ သန်းခန့်) နဲ့ Stellantis (၅ ဒသမ ၅ သန်းခန့်) တို့ အသီးသီး ရပ်တည်နေကြပါတယ်။

BYD ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုက အထူးသဖြင့် လျှပ်စစ်နဲ့ ဟိုက်ဘရစ်ကားကဏ္ဍမှာ တရုတ်ကားအမှတ်တံဆိပ်တွေရဲ့ ကြီးထွားလာတဲ့ အင်အားကို မီးမောင်းထိုးပြနေပြီး၊ အစဉ်အလာ အနောက်နိုင်ငံ ကားထုတ်လုပ်သူတွေအတွက် ပိုမိုပြင်းထန်လာမယ့် ပြိုင်ဆိုင်မှုကို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation