စမတ်ဖုန်းလောကကို အံ့အားသင့်စေမယ့် Honor ရဲ့ “စက်ရုပ်ဖုန်း” (Robot Phone) အသစ်ကို ဘာစီလိုနာမှာ ကျင်းပတဲ့ Mobile World Congress 2026 (MWC 2026) ပွဲကြီးမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အံ့သြစရာအကောင်းဆုံးကတော့ အဲဒီဖုန်းရဲ့ ကင်မရာက တကယ်ကို ကပြနိုင်တာပဲ ဖြစ်ပါတယ်။

The HONOR Robot Phone is Real: Wild Gimbal Phone Wows at MWC 2026 -  Computers Craft

ဒီဖုန်းမှာ 200 MP ဆင်ဆာ တပ်ဆင်ထားတဲ့ three-axis gimbal စနစ်ပါဝင်တဲ့ ပေါ့ပ်အောက် (pop-out) စက်ရုပ်ကင်မရာ လက်တံလေး ပါဝင်ပါတယ်။ ဖုန်းကျောဘက်ကနေ ထွက်ပေါ်လာနိုင်ပြီး ချောမွေ့စွာ လည်ပတ်နိုင်တဲ့အပြင် ဗီဒီယိုကော (Video call) ခေါ်တဲ့အခါ သင့်မျက်နှာကို အလိုအလျောက် လိုက်လံဖမ်းယူပေးနိုင်ပါတယ်။ ဒါ့အပြင် သီချင်းသံစဉ်တွေနဲ့အတူ လိုက်ဖက်ညီစွာ လှုပ်ရှားနိုင်သလို ခေါင်းညိတ်တာ၊ ခေါင်းခါပြတာမျိုးတွေပါ လုပ်ဆောင်နိုင်တာကြောင့် အသက်ဝင်ပြီး ချစ်စရာကောင်းတဲ့ ကင်မရာလေးပဲ ဖြစ်ပါတယ်။

ITmatterss

ဒီလို လှုပ်ရှားသွားလာနိုင်တဲ့ ကင်မရာလေးကြောင့် ဖုန်းတစ်လုံးထက်ပိုပြီး အသက်ဝင်ကာ အပြန်အလှန် တုံ့ပြန်ဆက်သွယ်နိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့အတွက် Honor ကတော့ သူ့ကို “စမတ်ဖုန်း မျိုးစိတ်သစ်” လို့ တင်စားခေါ်ဝေါ်ထားပါတယ်။ စက်ရုပ်အစစ်ကြီး မဟုတ်ပေမယ့် စက်ရုပ်ပုံစံ ကင်မရာလေး တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

ဒီဖုန်းရဲ့ နမူနာပုံစံ (Prototype) ကို ဒီနှစ်အစောပိုင်းမှာ အရိပ်အမြွက် ပြသခဲ့ပြီး အခု MWC 2026 ပွဲကြီးမှာတော့ တကယ်ကို အသက်ဝင်လှုပ်ရှားနေတဲ့ ပုံစံနဲ့ ပြသလိုက်တာကြောင့် အင်တာနက်စာမျက်နှာတွေထက်မှာ ရေပန်းစား လူကြိုက်များသွားခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကို ဘယ်တော့ တရားဝင် စတင်ရောင်းချမလဲ ဆိုတာကိုတော့ Honor ဘက်က အတည်ပြု ပြောကြားထားတာ မရှိသေးပါဘူး။

Ref : Technology Innovation