Tesla ရဲ့ တက္ကဆက်ပြည်နယ် ဂီဂါစက်ရုံမှာ ပထမဆုံး Cybercab ကို တရားဝင် ထုတ်လုပ်လိုက်ပြီဖြစ်ပြီး အဲဒီကားမှာ စတီယာရင်နဲ့ လီဗာတွေ မပါဝင်ပါဘူး။ အဲဒီ လူလုံးဝမလိုတဲ့ အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီဟာ Tesla ရဲ့ Full Self-Driving (FSD) စနစ်နဲ့သာ မောင်းနှင်မှာ ဖြစ်ပါတယ်။

Tesla builds a car with no steering wheel. Now what?

Cybercab ထုတ်လုပ်မှုကို လာမယ့် ဧပြီလမှာ စတင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလမှာပဲ အများအပြား ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ အီလွန်မတ်စ်က X လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။

First production Tesla Cybercab confirms lack of steering wheel or pedals

ထုတ်လုပ်ရေးလိုင်းကနေ ထွက်ရှိလာတဲ့ ပထမဆုံးကားအတွက် ဝန်ထမ်းတွေ အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေကို Tesla က မျှဝေခဲ့ပါတယ်။ အဲဒီကားဟာ စမ်းသပ်မော်ဒယ် မဟုတ်ဘဲ သီးသန့် Cybercab ထုတ်လုပ်ရေးလိုင်းကနေ ထုတ်လုပ်လိုက်တဲ့ ပထမဆုံးယာဉ်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုအပိုင်းမှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ခရီးသည်နှစ်ဦးစီး Pod ပုံစံ ဒီဇိုင်းထုတ်ထားတဲ့ အဲဒီယာဉ်ကို အပြည့်အဝ အလိုအလျောက်မောင်းနှင်ဖို့အတွက်ပဲ ရည်ရွယ်ထားပါတယ်။ အစိတ်အပိုင်းတွေ ခွဲထုတ်တပ်ဆင်တဲ့ လုပ်ငန်းစဉ်သစ်ကြောင့် အစပိုင်းမှာ ထုတ်လုပ်မှုနှုန်း နှေးကွေးနိုင်ပေမယ့် ရေရှည်မှာတော့ အမြောက်အမြား ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။

Cybercab ရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၃၀,၀၀၀ အောက်မှာ ရှိမယ်လို့ ခန့်မှန်းထားပြီး အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီအဖြစ်သာ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အကယ်၍ စနစ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ရင်တောင် လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စနစ်တွေ ပါဝင်မှာ မဟုတ်ပါဘူး။

Ref : Technology Innovation