တရုတ်နိုင်ငံက Unitree Robotics ရဲ့ G1 လူတူစက်ရုပ်က လက်ဝှေ့ပွဲတစ်ခုမှာ လူတစ်ဦးနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။
အဲဒီစက်ရုပ်က ကုမ္ပဏီရဲ့ လူတူစက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာဖို့ လာရောက်လည်ပတ်ခဲ့တဲ့ Supercar Blondie အစီအစဉ်တင်ဆက်သူ Sergi Galiano နဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

၇၇ ပေါင် အလေးချိန်ရှိတဲ့ စက်ရုပ်က depth camera နဲ့ 3D LiDAR အပါအဝင် ဆင်ဆာတွေကို အသုံးပြုထားပြီး အဆစ်အမြစ်လှုပ်ရှားနိုင်မှု (degrees of joint freedom) ၄၃ မျိုး ပါဝင်ပါတယ်။

အစမ်းထိုးသတ်နေချိန်မှာ စက်ရုပ်က လက်သီးချက် အတော်များများကို ထိမှန်အောင် ထိုးသွင်းနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ လူပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လဲကျသွားစေခဲ့ပါတယ်။
ဒါဟာ အဆင့်မြင့် လူတူစက်ရုပ်တွေရဲ့ တိုးတက်လာတဲ့ သွက်လက်မှုနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်နိုင်မှုတွေကို မီးမောင်းထိုးပြလိုက်ပြီး G1 စက်ရုပ်ကို အနိုင်ရရှိသူအဖြစ် ကြေညာခဲ့ပါတယ်။
Ref : Fossbytes