လွန်ခဲ့တဲ့လအနည်းငယ်က တရုတ်မှာ 10,000mAh ဘက်ထရီပါဝင်တဲ့ ဖုန်းသုံးမော်ဒယ်ကို Honor က မိတ်ဆက်ခဲ့ပြီး အခုအခါမှာတော့ အဲဒီမော်ဒယ်တွေထက် ဘက်ထရီ 3,000mAh ပိုကြီးမယ့် ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်နေတယ်လို့ သိရပါတယ်။ Honor X80 GT လို့ နာမည်ပေးထားတဲ့ အဲဒီဖုန်းဟာ လက်ရှိစမတ်ဖုန်းအများစုထက် အများကြီးသာလွန်တဲ့ ဘက်ထရီပမာဏ ပါဝင်လာဖို့ရှိနေပါတယ်။

Honor X60 GT

တရုတ်သတင်းဖော်ပြချက်တွေအရ လာမယ့် Honor X80 GT မှာ ဧရာမ 13,080mAh ဘက်ထရီ ပါဝင်လာနိုင်ပါတယ်။ ဒါဟာ မှန်ကန်ခဲ့မယ်ဆိုရင် Apple၊ Samsung နဲ့ Google တို့လို အမှတ်တံဆိပ်တွေကထုတ်တဲ့ 5,000mAh ဝန်းကျင်လောက်သာရှိတဲ့ ဖုန်းတွေသာမက 10,000mAh ဝန်းကျင်ရှိတဲ့ Honor Win နဲ့ Honor Power 2 တို့ထက်တောင် သိသိသာသာ ပိုများနေတာကြောင့် ဘက်ထရီအကြီးဆုံး စမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်လာမှာပါ။

Honor X80 GT Rumored to Shatter Battery Records with 13,080mAh Cell and  Flagship Chip — BigGo Finance

အဲဒီစမတ်ဖုန်းမှာ 80W အမြန်အားသွင်းစနစ်နဲ့ Snapdragon 8 Gen 3 ချစ်ပ်တို့ ပါဝင်လာမယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ Honor Power 2 လိုမျိုး 8,000-nit အလင်းရောင်ပေးနိုင်တဲ့ OLED မျက်နှာပြင် ပါဝင်လာနိုင်သလို ဓာတ်ပုံရိုက်ကူးမှုအတွက်လည်း OIS အထောက်အပံ့ပါဝင်တဲ့ Sony ရဲ့ အာရုံခံဆင်ဆာအကြီး ကင်မရာကို တပ်ဆင်လာနိုင်ပါတယ်။

Honor ရဲ့ X-series တွေထဲမှာ GT အမည်နဲ့ နောက်ဆုံးထွက်ရှိခဲ့တာကတော့ ၂၀၂၂ ခုနှစ် ဧပြီလက Snapdragon 8+ Gen 1 ချစ်ပ်နဲ့ ထွက်ရှိခဲ့တဲ့ Honor X60 GT ဖြစ်ပြီး X70 စီးရီးမှာတော့ GT မော်ဒယ် မပါဝင်ခဲ့ပါဘူး။ လက်ရှိသတင်းတွေအရ ဒီဖုန်းကို ဒီနှစ် ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်လာနိုင်ခြေရှိပြီး Honor ဘက်က တရားဝင် အတည်မပြုသေးခင်အထိတော့ ဒီအချက်အလက်တွေကို ကနဦးသတင်းတွေအနေနဲ့သာ မှတ်ယူရဦးမှာ ဖြစ်ပါတယ်။

Ref : Gizmochina