လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ သူဖန်တီးခဲ့တဲ့ YouTube ဗီဒီယိုတွေကနေတစ်ဆင့် ပရိသတ်တွေကို ဒေါ်လာသန်း ၂၀၀ ထက်မက ပေးကမ်းခဲ့ဖွယ်ရှိတယ်လို့ နာမည်ကြီး YouTuber Jimmy “MrBeast” Donaldson က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

America deserves TikTok': YouTuber MrBeast bids for app after meeting  'bunch of billionaires' | South China Morning Post

သူ့ရဲ့ အစီအစဉ်တွေကနေ ဆုကြေးငွေတွေ၊ အလှူငွေတွေနဲ့ လက်ဆောင်တွေ အများကြီး ပေးခဲ့တာပါ။ သူ့ရဲ့ ပေးကမ်းလှူဒါန်းမှုတွေဟာ ဒေါ်လာသန်း ၂၀၀ ဝန်းကျင်လောက်ရှိပြီလို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ Donaldson က အခုလို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ သူက “အဲဒီ ပမာဏထက် ပိုများမယ်လို့ ကျွန်တော် ထင်တယ်” လို့ ဆိုပါတယ်။

Meet Jimmy 'MrBeast' Donaldson — YouTuber turned $5 billion business mogul  whose chocolates outsell videos | Company Business News

သူ့ရဲ့ ဗီဒီယိုတွေမှာဆိုရင် ပါဝင်ဆင်နွှဲသူတွေအတွက် မက်လောက်စရာ ငွေသားဆုကြီးတွေ၊ အကြိတ်အနယ် စိန်ခေါ်မှုတွေနဲ့ အံ့အားသင့်စရာ လက်ဆောင်တွေကို အမြဲလိုလို မြင်တွေ့ရလေ့ရှိပါတယ်။ အစပိုင်းမှာ ငွေသားလက်ဆောင် အနည်းအကျဉ်းကနေ စတင်ခဲ့ပေမယ့် အခုဆိုရင် ဒေါ်လာသန်းချီတန်တဲ့ ပြိုင်ပွဲကြီးတွေအထိ အကြီးအကျယ် ဖန်တီးလာနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ဖန်တီးမှုတွေဟာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေပေါ်မှာ အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတာနဲ့အမျှ Donaldson ဟာ ဗီဒီယို အသစ်အဆန်းတွေ ထုတ်လုပ်တာ၊ ပြိုင်ပွဲတွေ ကျင်းပတာနဲ့ ပရဟိတ လုပ်ငန်းတွေမှာ ငွေကြေးအများကြီးကို ဆက်လက် ရင်းနှီးမြှုပ်နှံနေဆဲပဲ ဖြစ်ပါတယ်။

Ref : Fossbytes