TikTok ရဲ့ အမေရိကန် လုပ်ငန်းကို အမေရိကန် ရင်းနှီးမြှပ်နှံသူတွေဆီ ရောင်းချရာကနေTrump ရဲ့ အစိုးရအဖွဲ့ဟာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရရှိဖို့ ရှိနေပါတယ်။ အဲဒီငွေကြေးကို တရုတ်မိခင်ကုမ္ပဏီ ByteDance ဆီကနေ အမေရိကန် TikTok လုပ်ငန်းတွေကို လွှဲပြောင်းရယူခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေက အရောင်းအဝယ် ဝန်ဆောင်ခအနေနဲ့ ပေးချေသွားမှာ ဖြစ်ပါတယ်။

Trump administration set to receive $10 billion fee for brokering TikTok  deal, WSJ reports | Reuters

နာမည်ကြီး လူမှုကွန်ရက်အက်ပ်မှာ ရင်းနှီးမြှုပ်နှံထားသူတွေထဲမှာ Oracle ၊ အာရပ်စော်ဘွားတွေရဲ့ MGX နဲ့ Silver Lake တို့ ပါဝင်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံသူတွေဟာ ဇန်နဝါရီလက အပေးအယူပြီးပြတ်ချိန်မှာ အမေရိကန်ဘဏ္ဍာရေးဌာနကို ဒေါ်လာ ၂.၅ ဘီလီယံ ပေးချေခဲ့ပြီးဖြစ်သလို စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံ ပြည့်တဲ့အထိ ဆက်လက်ပေးချေသွားမှာ ဖြစ်ပါတယ်။

TECHSHOTS | Trump Defends $10 Billion TikTok "Transaction Fee" as Fair Deal  for America

ပုဂ္ဂလိကလုပ်ငန်းတွေကြားက အပေးအယူတစ်ခုမှာ အစိုးရက ဝန်ဆောင်ခရယူတာဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန် TikTok ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၄ ဘီလီယံခန့် ရှိတယ်လို့ JD Vance က ပြောဆိုထားတဲ့အတွက် အစိုးရရယူမယ့် ဝန်ဆောင်ခဟာ အရောင်းအဝယ်တန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ ဝန်ဆောင်ခကိစ္စဟာ Trump အစိုးရအဖွဲ့ရဲ့ ပုဂ္ဂလိကကဏ္ဍမှာ ထူးထူးခြားခြား ပါဝင်ပတ်သက်မှုတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ Trump အစိုးရဟာ Intel နဲ့ USA Rare Earth လို ကုမ္ပဏီတွေမှာ အစုရှယ်ယာတွေ ရယူထားသလို သမ္မတကိုယ်တိုင်ကလည်း ကိုယ်ပိုင်ခရစ်ပတိုငွေကြေးကို ထုတ်ဝေထားပါတယ်။

Ref : The Guardian