၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က Houston မြို့ရဲ့ 69 Eastex Freeway အမြန်လမ်းမကြီးပေါ်မှာ အလိုအလျောက်မောင်းနှင်စနစ် (Full Self-Driving) အသုံးပြုမောင်းနှင်နေတဲ့ Tesla Cybertruck ကားတစ်စီး ကွန်ကရစ် အတားအဆီးကို အရှိန်နဲ့ ဝင်တိုက်မိသွားတဲ့ ရင်ထိတ်စရာ Dashcam ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Video shows Tesla nearly drive mom and baby off bridge, lawsuit claims |  Fox Business

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ကတော့ ကားမတိုက်မိခင် ၄ စက္ကန့်အလိုမှာ ယာဉ်မောင်းဖြစ်သူက အလိုအလျောက်မောင်းနှင်စနစ်ကို ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ တွေ့ရကြောင်း ကုမ္ပဏီဘက်ကနေ ကာကွယ်ပြောဆိုထားပါတယ်။

Houston driver sues Tesla after Cybertruck on Autopilot crashes into  overpass

ဒါပေမယ့် ဗီဒီယိုမှတ်တမ်းထဲမှာတော့ အဲဒီကားဟာ အမြန်လမ်းမကြီးပေါ်က အကွေ့တစ်ခုကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာပြီး ကွေ့ရမယ့်အစား လမ်းလွှဲမှာရှိတဲ့ ယာဉ်ကြောပြ ကတော့တွေနဲ့ ကွန်ကရစ် အတားအဆီးကို တိုက်ရိုက်ကြီး ဝင်တိုက်သွားတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ယာဉ်မောင်းဖြစ်သူ Justine Saint Amour ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် လုံခြုံရေးအရ ပေါ့ဆမှုရှိတယ်ဆိုပြီး Tesla ကုမ္ပဏီကို နစ်နာကြေး ဒေါ်လာ ၁ သန်းကျော်နဲ့ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်လေးကတော့ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ပါတယ်။

ဒီအမှု ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : Fossbytes