၅ နှစ်ခွဲကြာ တရားတပေါင် ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ အခုအခါမှာ နာမည်ကြီး Fortnite ဂိမ်းကြီးဟာ ကမ္ဘာတစ်ဝန်းက Google Play ဆီကို အောင်ပွဲခံပြီး တခမ်းတနား ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ အခုလို ပြန်ရောက်လာတာဟာ အသစ်ထွက်ရှိလာမယ့် Battle Royale Season: Fortnite Showdown နဲ့ အချိန်ကိုက်ဖြစ်နေပြီး ကစားသမားတွေအနေနဲ့ Google Play မှာ အခမဲ့ ပြန်လည်ဒေါင်းလုဒ်ဆွဲနိုင်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အမေရိကန် Google Play နဲ့ မေလတုန်းက Apple App Store တို့မှာ ပြန်လည်နေရာရလာခဲ့ပြီးနောက် အခုလို ကမ္ဘာတစ်ဝန်းကိုပါ ထပ်မံလွှမ်းခြုံလာနိုင်တာပါ။

တကယ်တော့ ဂိမ်းအတွင်း ဝယ်ယူမှုတွေအတွက် Epic Games ဘက်က သူတို့ရဲ့ ကိုယ်ပိုင် ပြင်ပငွေပေးချေမှုစနစ်ကို ထည့်သွင်းအသုံးပြုဖို့ ကြိုးစားခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ Fortnite ဟာ Google Play နဲ့ App Store တို့ကနေ ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Fortnite is coming back to Google Play Store on March 19: Why the 6-year  war with Epic Games finally ended

အဲဒီနောက်မှာတော့ Epic Games ဟာ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Apple တို့ကို တရားဥပဒေကြောင်းအရ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီအနိုင်ရရှိမှုကြောင့်ပဲ App Store နဲ့ Google Play တို့မှာ ကြီးမားကျယ်ပြန့်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် အဲဒီ ပလက်ဖောင်း နှစ်ခုစလုံးဟာ ဂိမ်းဖန်တီးသူတွေကို ကော်မရှင်ခ ပိုသက်သာတဲ့ အခြားရွေးချယ်စရာ ငွေပေးချေမှုစနစ်တွေ အသုံးပြုခွင့် ပေးလိုက်ရပြီဖြစ်သလို၊ အသုံးပြုသူတွေအပေါ်ကိုလည်း မလိုအပ်ဘဲ ခြောက်လှန့်တဲ့ နည်းလမ်းတွေ သုံးတာမျိုး မလုပ်နိုင်တော့ပါဘူး။

Ref : gsmarena