သင့်ရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေ၊ ဘယ်နေရာတွေကို သွားခဲ့တယ် ဆိုတဲ့ တည်နေရာ ရာဇဝင်တွေကို FBI က စောင့်ကြည့်နေတယ် ဆိုရင် သင် ဘယ်လို ခံစားရမလဲ။ အခုတော့ FBI Director ဖြစ်တဲ့ Kash Patel ကိုယ်တိုင်က သူတို့ အေဂျင်စီ အနေနဲ့ ပြည်သူတွေကို ခြေရာခံဖို့ စီးပွားဖြစ် ရောင်းချနေတဲ့ ဒေတာ အချက်အလက်တွေကို ဝယ်ယူနေပါတယ်လို့ အတည်ပြု ဝန်ခံလိုက်ပါတယ်။

Your location is being tracked by the FBI, and Patel just confirmed it

အရင် Director ဟောင်း ဖြစ်တဲ့ Christopher Wray က ၂၀၂၃ ခုနှစ်တုန်းက သူတို့ အနေနဲ့ အဲဒီလိုမျိုး မလုပ်ဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု ထုတ်ပြန်ချက်ကတော့ FBI က ပြည်သူတွေရဲ့ အချက်အလက်တွေကို တကယ်ပဲ ဝယ်ယူနေတယ် ဆိုတာကို ပထမဆုံး အကြိမ် လူသိရှင်ကြား ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။

Kash Patel Confirms FBI Purchasing Location Data Of Americans

အဲဒီ အချက်အလက်တွေ ရယူတာကို Electronic Communications Privacy Act ဥပဒေအရ လုပ်ဆောင်တာ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့ နေရာမှာ အရမ်း တန်ဖိုးရှိတဲ့ ထောက်လှမ်းရေး သတင်းတွေ ရခဲ့တယ်လို့ Kash Patel က ဆိုပါတယ်။

အမေရိကန် တရားလွှတ်တော်ချုပ်က ၂၀၁၈ ခုနှစ်ကတည်းက ဖုန်းဝန်ဆောင်မှု ကုမ္ပဏီတွေဆီကနေ လူတွေရဲ့ တည်နေရာ အချက်အလက်တွေ တောင်းယူချင်ရင် တရားဝင် ဝရမ်း ပါမှ ရမယ်လို့ ကန့်သတ်ထားတာပါ။ ဒါပေမဲ့လည်း အချက်အလက် ပွဲစားတွေကတော့ အဲဒီ ဥပဒေကို ရှောင်ကွင်းပြီး FBI ဆီ ရောင်းချနိုင်မယ့် လမ်းကြောင်းတွေ ဖန်တီးပေးထားပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Ron Wyden နဲ့ Mike Lee တို့က Government Surveillance Reform Act ဆိုတဲ့ ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ အမတ် Ron Wyden ကတော့ FBI ရဲ့ လုပ်ရပ်ဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ စတုတ္ထအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို လှည့်စား ရှောင်ကွင်းသွားတာပဲ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် မှတ်ချက်ပြုထားပါတယ်။

Ref : Fossbytes