ရှုပ်ထွေးတဲ့ ဦးနှောက်ပုံရိပ်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ပိုမြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်မယ့် ခွဲစိတ်စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်ခဲ့ပြီလို့ တရုတ်သုတေသီတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး တရားဝင်အသိအမှတ်ပြုခံရတဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုစနစ်ဖြစ်လာပြီး ဆေးပညာလောကအတွက် အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်လာပါတယ်။

Chinese surgery robot outperforms humans, cuts brain imaging time by 29% |  South China Morning Post

နာမည်ကျော် Peking Union Medical College Hospital (PUMCH) ဆေးရုံမှာ လူငယ်ခွဲစိတ်ဆရာဝန်တစ်ဦးက ဒီစက်ရုပ်ကို အသုံးပြုပြီး စမ်းသပ်ခွဲစိတ်ခဲ့ရာမှာ ပုံမှန်လူကိုယ်တိုင် ခွဲစိတ်ရတဲ့ အချိန်ထက် ၉ မိနစ်လောက်အထိ အချိန်လျှော့ချနိုင်ခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။ YDHB-NS01 လို့ နာမည်ပေးထားတဲ့ အဲဒီစက်ရုပ်စနစ်ဟာ ရောဂါရှာဖွေရေးအတွက် အသုံးပြုဖို့ အလွန်သင့်လျော်ပြီး ဘေးကင်းစိတ်ချရမှုအပိုင်းမှာလည်း အားရစရာလက္ခဏာတွေ ပြသနေတယ်လို့ သုတေသနကို ဦးဆောင်သူ ဒေါက်တာ Zhao Yuanli က ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Chinese Neurosurgical Journal မှာ ရေးသားဖော်ပြခဲ့ပါတယ်။

China brain surgery robot outperforms humans, cuts procedure time by 29% -  VnExpress International

ဦးနှောက်ရောဂါတွေကို ကုသရာမှာ ဦးနှောက်သွေးကြောပုံရိပ်ဖော်တာဟာ မပါမဖြစ် အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပေမယ့် လူနာတွေအတွက်ရော ဆရာဝန်တွေအတွက်ပါ အတော်လေး ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အရင်က သုံးခဲ့တဲ့ သမားရိုးကျနည်းလမ်းတွေမှာဆိုရင် ဆရာဝန်က လူနာရဲ့ ပေါင်ကနေတစ်ဆင့် ဦးနှောက်သွေးကြောတွေဆီကို X-ray ဓာတ်မှန်ရိုက်ပြီး ဝါယာကြိုးသေးသေးလေးကို လူကိုယ်တိုင် ဂရုတစိုက် ထည့်သွင်းရတာပါ။

ဒီလို လူကိုယ်တိုင် ခွဲစိတ်ရတဲ့အခါ ရှောင်လွှဲလို့မရတဲ့ လက်တုန်ယင်တာမျိုးတွေ ဖြစ်တတ်သလို ဓာတ်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ ဆရာဝန်တွေ ဝတ်ဆင်ရတဲ့ ခဲအင်္ကျီနဲ့ ကော်လာအလေးကြီးတွေကြောင့်လည်း ကိုယ်ကာယပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို အများကြီး ဖြစ်စေပါတယ်။ ဒါ့အပြင် ရေရှည်ဓာတ်ရောင်ခြည်သင့်မှုကလည်း ဆရာဝန်တွေရဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတာကြောင့် အခုလို ခွဲစိတ်စက်ရုပ် ပေါ်ထွက်လာတာဟာ ဆေးပညာလောကအတွက် ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

Ref : South China Morning Post