တရုတ်ရိုဘော့နည်းပညာကုမ္ပဏီ AGIBOT ဟာ လူတူစက်ရုပ် (Humanoid Robot) ၁၀,၀၀၀ ပြည့်မြောက်အောင် ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါဟာ AI နည်းပညာသုံး ရိုဘော့တွေကို စက်ရုံအပြင်ဘက် လက်တွေ့လောကမှာ အမြောက်အမြား အသုံးပြုနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါတယ်။

China's AGIBOT builds 10,000th humanoid robot in major scaling milestone

ဒီထုတ်လုပ်မှုမှာ အံ့ဩစရာကောင်းတာကတော့ သူတို့ရဲ့ အရှိန်အဟုန်ပဲ ဖြစ်ပါတယ်။ ပထမဆုံး ရိုဘော့ ၁,၀၀၀ ထွက်လာဖို့ နှစ်နှစ်နီးပါး အချိန်ယူခဲ့ရပေမဲ့ အစီးရေ ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရောက်ဖို့ကိုတော့ သုံးလပဲ အချိန်ယူခဲ့ရပါတယ်။ အပိုပစ္စည်းတွေကို စံချိန်စံညွှန်းမီအောင် လုပ်ဆောင်နိုင်တာနဲ့ ထုတ်လုပ်မှုကွင်းဆက် ကောင်းမွန်လာတာကြောင့် အရင်က နှစ်နဲ့ချီကြာခဲ့တဲ့ အလုပ်တွေကို အခုဆိုရင် လပိုင်းအတွင်း အပြီးသတ်နိုင်နေပြီလို့ AGIBOT က ဆိုပါတယ်။

AGIBOT Reaches 10,000 Units as Real-World Demand for Robots Accelerates

အဲဒီရိုဘော့တွေဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းခွင်အသီးသီးမှာ တကယ်ပဲ အလုပ်ဝင်နေကြပြီ ဖြစ်ပါတယ်။ ကုန်ပစ္စည်းသယ်ယူတာ၊ အရောင်းပြခန်းတွေမှာ ဖောက်သည်တွေကို ကူညီတာနဲ့ ဟိုတယ်ဧည့်ကြိုလုပ်ငန်းတွေမှာတင်မကဘဲ စက်ရုံတွေမှာပါ လူသားတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေကြတာပါ။ လက်ရှိမှာ AGIBOT ဟာ ဥရောပ၊ အမေရိက၊ ဂျပန်နဲ့ အရှေ့တောင်အာရှအထိ ဈေးကွက်ချဲ့ထွင်နေပြီး လုပ်ငန်းရှင်တွေကလည်း စမ်းသပ်ရုံတင်မကဘဲ အပြည့်အဝ အသုံးပြုဖို့ ပြင်ဆင်နေကြပါတယ်။

Ref : Technology Innovation