Honor ကနေ သူတို့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းအသစ်ဖြစ်တဲ့ Honor Play 80 Pro ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ တစ်နေကုန် အေးဆေးသုံးလို့ရမယ့် အားအလွန်ခံတဲ့ 7,000 mAh ဘက်ထရီ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်
ဒီဖုန်းမှာ ၆.၈ လက်မအရွယ် 720×1610 LCD မျက်နှာပြင်ကို သုံးထားပြီး Peak Brightness ကတော့ 850 nits အထိ ရှိပါတယ်။ Refresh rate ကိုတော့ သီးသန့်ဖော်ပြထားတာ မရှိလို့ 60Hz ပဲ ဖြစ်နိုင်ခြေ များပါတယ်။ Processor ပိုင်းမှာတော့ 5G စနစ်သုံးနိုင်တဲ့ Snapdragon 6s Gen 3 ကို တပ်ဆင်ပေးထားပါတယ်။

မှတ်ဉာဏ်နဲ့ ဈေးနှုန်း
RAM နဲ့ Storage ကိုတော့ ရွေးချယ်စရာ သုံးမျိုး ထုတ်ပေးထားပါတယ်။
6/256GB: ၁,၈၉၉ ယွမ်
8/256GB: ၂,၀၉၉ ယွမ်
12/256GB: ၂,၂၉၉ ယွမ်
တခြားအချက်အလက်များ
ဖုန်းအရောင်အနေနဲ့ အပြာ၊ အဖြူနဲ့ အနက် ဆိုပြီး သုံးရောင် ထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 15 ကို အခြေခံထားတဲ့ MagicOS 9 နဲ့ လာမှာပါ။ ကင်မရာပိုင်းမှာတော့ နောက်ကင်မရာက 50MP ဖြစ်ပြီး ရှေ့ကင်မရာက 5MP ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်နဲ့ ရေစက်ရေပေါက်ဒဏ်ကို ခံနိုင်တဲ့ IP65 အဆင့် သတ်မှတ်ချက်လည်း ပါဝင်တာကြောင့် အကြမ်းခံမယ့် ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။
Ref : gsmarena