Honor Pad 10 Pro ဟာ ယခင်မော်ဒယ်တွေထက် ပိုမိုပါးလွှာပေါ့ပါးလာပြီး ကိုယ်ထည်အထူ ၆.၁ မီလီမီတာနဲ့ အလေးချိန် ၄၇၅ ဂရမ်သာ ရှိပါတယ်။ ပါးလွှာသွားပေမဲ့ ဘက်ထရီပမာဏကိုတော့ လျှော့ချထားခြင်းမရှိဘဲ 10,100mAh ဘက်ထရီကိုပဲ ဆက်လက်အသုံးပြုထားပြီး 35W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်အနေနဲ့ ၁၁.၅ လက်မရှိတဲ့ 2800×1840 LCD display ကို အသုံးပြုထားပြီး 144Hz refresh rate နဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

New Honor Pad 10 Pro packs a Dimensity 8350 in a 6.1mm chassis, Pad X10 and X10 Pro join it

အတွင်းပိုင်းစွမ်းဆောင်ရည်မှာတော့ Dimensity 8350 Ultimate processor ကို အသုံးပြုထားတာကြောင့် ယခင်မော်ဒယ်တွေထက် CPU နဲ့ GPU စွမ်းဆောင်ရည် သိသိသာသာ ပိုမိုကောင်းမွန်လာပါတယ်။ ဖျော်ဖြေရေးပိုင်းအတွက်လည်း IMAX Enhanced နဲ့ HDR Vivid စနစ်တွေ ပါဝင်သလို၊ စပီကာ ၄ လုံးတပ်ဆင်ထားတာကြောင့် အသံပိုင်းဆိုင်ရာမှာလည်း အဆင့်မြင့်မားပါတယ်။ ဒါ့အပြင် အလင်းပြန်မှုကို ၉၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တဲ့ anti-glare coating ကိုလည်း အပိုဆောင်းရွေးချယ်နိုင်ပါသေးတယ်။

New Honor Pad 10 Pro packs a Dimensity 8350 in a 6.1mm chassis, Pad X10 and X10 Pro join it

ဒီတက်ဘလက်မှာ Honor Magic-Pencil 4s ကို အသုံးပြုနိုင်ပြီး လက်ရေးတွေကို ဒီဂျစ်တယ်စာသားအဖြစ် ပြောင်းလဲပေးတဲ့ AI Magic Lasso နဲ့ အသံဖမ်းယူရင်း စာသားအဖြစ် ပြောင်းလဲပေးတဲ့ AI feature တွေ အများအပြား ပါဝင်လာပါတယ်။ Android 16 ကို အခြေခံထားတဲ့ MagicOS 10 နဲ့ မောင်းနှင်မှာဖြစ်ပြီး ကွန်ပျူတာတစ်လုံးလို window အများကြီးဖွင့်ပြီး အလုပ်လုပ်နိုင်တဲ့စနစ်လည်း ပါဝင်တာကြောင့် ရုံးလုပ်ငန်းနဲ့ ကျောင်းစာတွေအတွက်လည်း အဆင်ပြေစေမှာပါ။

လက်ရှိမှာတော့ Honor Pad 10 Pro ကို တရုတ်နိုင်ငံမှာ RAM 12GB နဲ့ Storage 256GB ဗားရှင်းတစ်ခုတည်းကို ယွမ် ၂,၇၀၀  နဲ့ စတင်ရောင်းချနေပါတယ်။ ကီးဘုတ်နဲ့ Stylus တွေကိုတော့ သီးသန့်ဝယ်ယူရမှာဖြစ်ပြီး နိုင်ငံတကာစျေးကွက်မှာ ရောင်းချမယ့်ရက်ကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဖုန်းကိုယ်ထည် အရောင်အနေနဲ့ အနက်ရောင်နဲ့ အပြာရောင်တို့ကို ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။

Ref : gsmarena