ဟောင်ကောင်ရဲ့ စည်းမျဉ်းအသစ်တွေအရ ရဲတပ်ဖွဲ့ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ သံသယဖြစ်ဖွယ်ကိစ္စတွေမှာ ဖုန်း ၊ တက်ဘလက် စတဲ့ လျှပ်စစ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်သလို စကားဝှက်တွေကိုလည်း တောင်းခံပိုင်ခွင့်ရှိလာပါတယ်။
)
အဲဒီလို တောင်းခံတဲ့အခါ ပေးဖို့ ငြင်းဆန်ရင် ထောင်ဒဏ် (၁) နှစ်နဲ့ ဟောင်ကောင်ဒေါ်လာ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၂,၇၇၃ ခန့်) ဒဏ်ရိုက်ခံရနိုင်ပြီး သတင်းအချက်အလက် အမှားတွေ ပေးမယ်ဆိုရင်တော့ ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ပါတယ်။

အဲဒီဥပဒေဟာ ခရီးသွားတွေနဲ့ ဟောင်ကောင်နိုင်ငံတကာလေဆိပ်ကနေ တစ်ဆင့်ဖြတ်သန်းသွားမယ့်သူတွေ အပါအဝင် လူတိုင်းနဲ့ သက်ဆိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အာဏာပိုင်တွေအနေနဲ့ အမျိုးသားလုံခြုံရေးအမှုတွေမှာ သက်သေအဖြစ် လူပုဂ္ဂိုလ်ရေးသုံးပစ္စည်းတွေကို သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး စောင့်ကြည့်စစ်ဆေးတာနဲ့ ထိန်းသိမ်းတာတွေကိုလည်း ပိုပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
အဲဒီအပြောင်းအလဲတွေဟာ ၂၀၂၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေအပေါ် အခြေခံထားတာဖြစ်ပြီး အဲဒီဥပဒေက နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုကို ပိုမိုကျယ်ပြန့်စေသလို ပြစ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း တိုးချဲ့ထားပါတယ်။
Ref: Fossbytes