OnePlus ရဲ့ Nord Series ထဲက နောက်ဆုံးထွက် Nord 6 ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

 

စျေးနှုန်းနဲ့ အရောင်အသွေး

စျေးနှုန်းတွေအနေနဲ့ 8GB/256GB ဗားရှင်းကို အိန္ဒိယရူပီး ၃၈,၉၉၉  နဲ့ 12GB/256GB ဗားရှင်းကို ၄၁,၉၉၉ ရူပီး  အသီးသီး သတ်မှတ်ထားပါတယ်။   အရောင်အနေနဲ့ကတော့ Fresh Mint (အစိမ်းနု)၊ Pitch Black (အနက်) နဲ့ Quick Silver (ငွေရောင်) ဆိုပြီး ၃ ရောင် ထွက်ရှိလာပါတယ်။

OnePlus Nord 6 launches with 9,000mAh battery and 165Hz display; Check price  here

Specifications 

Screen: ၆.၇၈ လက်မ 1272×2772   AMOLED ဖြစ်ပြီး 165Hz Refresh Rate နဲ့ Peak Brightness 3,600 nits အထိ ရပါတယ်။

CPU: Snapdragon 8s Gen 4 SoC ကို အသုံးပြုထားပါတယ်။

Camera: အနောက်ဘက်မှာ 50MP (Sony Lytia 600) နဲ့ 8MP Ultrawide ပါဝင်ပြီး Selfie အတွက်ကတော့ 32MP ကင်မရာ ပါပါတယ်။

Battery: ဒီဖုန်းရဲ့ အလန်းဆုံးအချက်က 9,000 mAh ဘက်ထရီအကြီးကြီး ပါဝင်တာဖြစ်ပြီး 80W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

OnePlus Nord 6 Price In India, Release Date, Specifications, Camera, And  More, What Can We Expect In 2026 | Times Now

ဒါ့အပြင် Android 16 နဲ့ OxygenOS 16 ကို အသုံးပြုထားတဲ့အပြင် ဖုန်နဲ့ရေဒဏ်ခံနိုင်တဲ့ IP66/68/69 အဆင့်တွေအပြင် စစ်ဘက်သုံးအဆင့် ခိုင်ခံ့မှု (MIL-STD-810H) ပါ ရရှိထားတာကြောင့် အကြမ်းခံမယ့် ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

Ref : gsmarena