၁၉၇၆ ခုနှစ်မှာ Apple ကုမ္ပဏီကို Steve Jobs နဲ့ Steve Wozniak တို့နဲ့အတူ ပူးတွဲတည်ထောင်ခဲ့သူ Ronald Wayne ဟာ ကုမ္ပဏီရဲ့ အနာဂတ်အလားအလာအပေါ် ယုံကြည်မှု မရှိခဲ့ပါဘူး။ အဲဒီအချိန်က သူပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို စတိဗ်ဂျော့စ်နဲ့ ဝေါ့ဇနညပ်တို့ဆီမှာ အမေရိကန်ဒေါ်လာ ၈၀၀ တည်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နည်းပညာလောကမှာ အကြီးမားဆုံး အမှားတစ်ခုအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။

The Apple co-founder who sold his 10% share for $800 – Daily Investor

တကယ်လို့သာ Ronald Wayne ဟာ အဲဒီရှယ်ယာတွေကို လက်လွှတ်မခံဘဲ ဒီနေ့ခေတ်အထိ ဆုပ်ကိုင်ထားနိုင်ခဲ့မယ်ဆိုရင် အဲဒီရှယ်ယာတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံလောက်အထိ ရှိနေမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နိုင်တဲ့ ပမာဏဖြစ်ပြီး ဒေါ်လာ ၈၀၀ နဲ့ နှိုင်းယှဉ်ရင် မယုံနိုင်စရာကောင်းလောက်အောင် ကွာခြားနေတာကို တွေ့ရမှာပါ။

91-year-old Apple founder claims he still owns 10% stake in company that  could make him obscenely rich

ဒီဖြစ်ရပ်ဟာ နည်းပညာလောကရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့ပြီး အခွင့်အရေးတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုလည်း ဖြစ်ပါတယ်။ Apple လို ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ အစပိုင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း အဲဒီအခွင့်အရေးဟာ Ronald Wayne အတွက်တော့ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားစေတဲ့ သင်ခန်းစာတစ်ခု ဖြစ်ခဲ့ရပါတယ်။

Ref : Interesting Engineering