သင်္ချာလောကမှာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့တဲ့ ခက်ခဲနက်နဲလွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို ChatGPT က အဖြေရှာပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် လူငယ်လေး လီယမ်ပရိုက်စ်ဟာ ဟန်ဂေရီသင်္ချာပညာရှင်ကြီး ပေါလ်အားဒို့စ်ရဲ့ နာမည်ကျော် “Erdős problems” တွေထဲက တစ်ခုကို GPT-5.4 ဆီမှာ မေးမြန်းရင်းနဲ့ အဖြေကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပါ။ အရင်က AI ထုတ်ပေးတဲ့ သင်္ချာအဖြေတွေဟာ အမှားများတာ ဒါမှမဟုတ် ရှိပြီးသားကို ပြန်ပြောတာမျိုးပဲ ရှိခဲ့ပေမဲ့ အခုတစ်ခေါက် အဖြေကတော့ တကယ့်ကို ထူးခြားဆန်းသစ်နေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ChatGPT: Everything you need to know about the AI chatbot

နာမည်ကျော် သင်္ချာပါရမီရှင် တဲရင့်စ်တောင်းရဲ့ အဆိုအရ ဒီပုစ္ဆာကို အရင်က လူသားပညာရှင်တွေ ဝိုင်းဝန်းဖြေရှင်းခဲ့စဉ်မှာ အစကတည်းက လမ်းကြောင်းအနည်းငယ် လွဲချော်နေခဲ့ကြတာပါ။ ဒါပေမဲ့ ChatGPT ကတော့ ဘယ်သူမှ ထည့်မစဉ်းစားမိတဲ့ ဖော်မြူလာတစ်ခုကို အသုံးချပြီး လုံးဝမတူညီတဲ့ နည်းလမ်းနဲ့ အဖြေရှာပြသွားခဲ့ပါတယ်။ ဒါဟာ AI အနေနဲ့ လူသားတွေ ပိတ်မိနေတဲ့ အတွေးအခေါ်ဘောင်ထဲကနေ ဖောက်ထွက်ပြီး တကယ် စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိနေပြီလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

ChatGPT back online after outage which hit thousands worldwide

ဒါပေမဲ့ ChatGPT ရဲ့ မူရင်းအဖြေကတော့ တိုက်ရိုက်ယူသုံးလို့ရတဲ့အထိ ပြည့်စုံမနေဘဲ အတော်လေး ရှုပ်ထွေးနေပါသေးတယ်။ ဒါကြောင့် စတန်းဖို့ဒ်တက္ကသိုလ်က သင်္ချာပညာရှင်တွေက အဲဒီအဖြေကို အသေးစိတ် ပြန်လည်စိစစ်ပြီး အချောသတ်ပေးခဲ့ရတာပါ။ အခုတွေ့ရှိချက်ဟာ ကိန်းဂဏန်းကြီးတွေရဲ့ သဘာဝကို လေ့လာရာမှာ နည်းလမ်းသစ်တွေ ပွင့်သွားစေမယ့် အောင်မြင်မှုတစ်ခု ဖြစ်ပေမဲ့ အရင်ကလည်း AI ရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ မှားယွင်းခဲ့တာမျိုး ရှိဖူးတာကြောင့် အခုအဖြေကိုလည်း သတိထားပြီး ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref : Futurism