နာဆာ (NASA) ရဲ့ လကမ္ဘာသွားမယ့် စီမံကိန်းတွေမှာ SpaceX က အဓိက အခန်းကဏ္ဍက ပါဝင်နေချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရန့်က သူသာဆိုရင် အာကာသယာဉ်မှူး ဖြစ်ဖို့ “ဘာမှ မခက်ခဲဘူး” လို့ အိမ်ဖြူတော် တွေ့ဆုံပွဲတစ်ခုမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ အာကာသထဲ လိုက်သွားလို့ ရမရဆိုတာကိုလည်း သူက စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့ပါသေးတယ်။

Trump Asks NASA If The President Can Fly To Space, Says He's 'Physically  Very Good': 'I'd Have No Trouble Making It'

ဒေါ်နယ်ထရန့်က SpaceX ခရီးစဉ် ခေါင်းဆောင် ဂျဲရက်ဒ် အိုင်းဇက်မန်းကို သူသာဆိုရင် အာကာသယာဉ်မှူး အရည်အချင်း စစ်ဆေးမှုတွေကို “အေးဆေး” ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်းနဲ့ သမ္မတတစ်ယောက် လိုက်ပါလို့ရမရ မေးခဲ့တာပါ။ အိုင်းဇက်မန်းကတော့ “ကျွန်တော်တို့ ဒုံးပျံတွေ ပိုလွှတ်ဦးမှာပါ၊ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ” လို့ပဲ လိမ္မာပါးနပ်စွာ ပြန်ဖြေခဲ့ပါတယ်။ ထရန့်က “အာကာသထဲသွားဖို့ဆိုရင် အရမ်းတော်ရမယ်၊ ရုပ်ပိုင်းဆိုင်ရာလည်း အရမ်းတောင့်တင်းရမယ်။ ကျွန်တော်ကတော့ ကျန်းမာရေး အရမ်းကောင်းတဲ့လူဆိုတော့ အာကာသယာဉ်မှူး ဖြစ်ဖို့ ဘာပြဿနာမှ မရှိဘူး။ တစ်ချိန်ကျရင်တော့ စမ်းကြည့်ရမယ်” လို့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်နဲ့ ပြောသွားခဲ့ပါတယ်။

Trump Surprised Staff With Promise of Stimulus Details by Today

အဲဒီတွေ့ဆုံပွဲကို Artemis II လကမ္ဘာပတ်လမ်းကြောင်း ခရီးစဉ်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ SpaceX ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ နာဆာရဲ့ Artemis စီမံကိန်းဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လူသားတွေကို လကမ္ဘာပေါ် ပြန်လည်ခြေချနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး Artemis 3 ခရီးစဉ်ကိုတော့ လာမယ့် ၂၀၂၇ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန်ကျရင်တော့ ထရန့် တစ်ယောက် တကယ်ပဲ အာကာသထဲ လိုက်သွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref : Fossbytes