ဂျပန်နိုင်ငံ၊ တိုကျိုသိပ္ပံတက္ကသိုလ် (Institute of Science Tokyo) ရဲ့ ယူရှီးမား (Yushima) နယ်မြေမှာ လူမဲ့စက်ရုပ်ဓာတ်ခွဲခန်းတစ်ခုကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ Robotics Innovation Center လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ခွဲခန်းထဲမှာ လူသားသုတေသနပညာရှင် တစ်ဦးတစ်ယောက်မှ ရှိမနေဘဲ စက်ရုပ် ၁၀ ရုပ်ကပဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Japan: World first fully automated medicine lab with humanoids, robots and no  humans

အဲဒီစက်ရုပ်တွေဟာ ဆဲလ်တွေ မွေးမြူတာ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို ကိုင်တွယ်တာနဲ့ ဓာတုဗေဒဆေးရည်တွေကို ရောစပ်တာစတဲ့ သေချာဂရုစိုက်လုပ်ရမယ့် အလုပ်တွေကို လူအစား ထပ်ခါတလဲလဲ လုပ်ဆောင်ပေးနေပါတယ်။ အခုလို စက်ရုပ်တွေကို အသုံးပြုတာဟာ လူတွေလုပ်တဲ့အခါ ဖြစ်တတ်တဲ့ အမှားအယွင်းတွေကို လျှော့ချနိုင်ဖို့၊ သုတေသနလုပ်ငန်းတွေကို ပိုပြီးမြန်ဆန်လာစေဖို့နဲ့ ဓာတ်ခွဲခန်းကို နားရက်မရှိ ၂၄ နာရီပတ်လုံး လည်ပတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

Unmanned lab opens with robots at work as researchers push AI, automation - Japan  Today

လက်ရှိမှာတော့ စက်ရုပ်အနည်းငယ်နဲ့ပဲ စတင်နေတာဖြစ်ပေမဲ့ တက္ကသိုလ်ဘက်ကတော့ အဲဒီစနစ်ကို အကြီးအကျယ် ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ လာမယ့် ၂၀၄၀ ပြည့်နှစ်အရောက်မှာတော့ ဓာတ်ခွဲခန်းထဲမှာ စက်ရုပ်  ၂,၀၀၀ အထိ အသုံးပြုပြီး သုတေသနလုပ်ငန်းတွေကို အလိုအလျောက် ပိုမိုလုပ်ဆောင်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Ref : Technology Innovation