RedMagic 11S Pro နဲ့ 11S Pro+ ဂိမ်းမင်းဖုန်းသစ်တွေကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အရင်မော်ဒယ်တွေထက် စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်ထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ စွမ်းဆောင်ရည်ပိုမြင့်အောင် အရှိန်မြှင့်ထားတဲ့ Qualcomm ရဲ့ Snapdragon 8 Elite Gen 5 Leading Version ချစ်ပ်ဆက်ကို အသုံးပြုထားတာဖြစ်ပြီး 11S Pro မှာ RAM 12GB နဲ့ Storage 256GB ပါဝင်ကာ Pro+ မော်ဒယ်မှာတော့ RAM 16GB နဲ့ Storage 1TB အထိ ရွေးချယ်နိုင်မှာပါ။

RedMagic 11S Pro series arrive with overclocked SD 8 Elite Gen 5 chips, 11S Pro gets boosted battery

ဖုန်းတွေရဲ့ အားသာချက်အနေနဲ့ 11S Pro မှာ ပိုမိုကြီးမားတဲ့ 8,000mAh ဘက်ထရီနဲ့ 80W အမြန်အားသွင်းစနစ် ပါဝင်လာပြီး Pro+ မော်ဒယ်မှာတော့ 7,500mAh ဘက်ထရီနဲ့အတူ ပိုမိုမြန်ဆန်တဲ့ 120W ကြိုးမဲ့အားသွင်းစနစ်နဲ့ 80W ကြိုးမဲ့အားသွင်းစနစ်တွေကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ဖုန်းအပူချိန်ကို ထိန်းညှိပေးဖို့အတွက် လည်ပတ်နှုန်း ၂၄,၀၀၀ RPM ရှိတဲ့ အအေးခံပန်ကာစနစ်ကိုလည်း ထည့်သွင်းပေးထားပြီး IPX8 အဆင့် ရေစိုခံနိုင်စွမ်းလည်း ရှိပါတယ်။

RedMagic 11S Pro series arrive with overclocked SD 8 Elite Gen 5 chips, 11S Pro gets boosted battery

မျက်နှာပြင်ပိုင်းမှာတော့ 6.85 လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး 144Hz Refresh Rate စနစ်၊ မျက်နှာပြင်အောက် ကင်မရာနဲ့ လက်ဗွေရာစနစ်တွေ ပါဝင်မှာပါ။ ကင်မရာပိုင်းအနေနဲ့ အနောက်ဘက်မှာ 50MP ပင်မကင်မရာ၊ 50MP Ultrawide နဲ့ 2MP မက်ခရိုကင်မရာတို့ ပါဝင်ပြီး Android 16 အခြေခံ RedMagic OS 11.5 စနစ်နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။

RedMagic 11S Pro series arrive with overclocked SD 8 Elite Gen 5 chips, 11S Pro gets boosted battery

စျေးနှုန်းအနေနဲ့ RedMagic 11S Pro ကို တရုတ်ယွမ် ၅,၄၉၉ (အမေရိကန်ဒေါ်လာ ၈၀၇ ဝန်းကျင်) နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ပိုမြင့်တဲ့ RedMagic 11S Pro+ ကိုတော့ တရုတ်ယွမ် ၆,၁၉၉ (အမေရိကန်ဒေါ်လာ ၉၁၀ ဝန်းကျင်) ကနေ အမြင့်ဆုံးဗားရှင်းအတွက် ယွမ် ၇,၉၉၉ (အမေရိကန်ဒေါ်လာ ၁,၁၇၄ ဝန်းကျင်) အထိ ကျသင့်မှာ ဖြစ်ပါတယ်။

This is the RedMagic 11S Pro

Ref : gsmarena