တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ လူတူစက်ရုပ် (Humanoid Robot) တွေရဲ့ သက်တမ်းတစ်ခုလုံးကို စနစ်တကျ ဗဟိုကနေ ထိန်းချုပ်ခြေရာခံနိုင်ဖို့အတွက် ၎င်းတို့ကို တရားဝင် အိုင်ဒီ (ID) နံပါတ်တွေ ထုတ်ပေးမယ့် သိပ္ပံရုပ်ရှင်ဆန်ဆန် စနစ်သစ်တစ်ခုကို စတင်စမ်းသပ်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက စက်ရုပ်တစ်ကောင်ချင်းစီကို ထုတ်ပေးမယ့် ကုဒ်နံပါတ်ဟာ ဂဏန်းနဲ့ စာလုံးအက္ခရာ ၂၉ လုံးအထိ ပါဝင်တာကြောင့် တရုတ်နိုင်ငံသားတွေ ကိုင်ဆောင်တဲ့ လူသားအိုင်ဒီကတ်ထက်တောင် ပိုပြီး ရှည်လျားနေတာ ဖြစ်ပါတယ်။ ဒီစက်ရုပ်မှတ်ပုံတင်နံပါတ်ထဲမှာ စက်ရုပ်ကို ဘယ်ကုမ္ပဏီက ထုတ်လုပ်တယ်၊ မော်ဒယ်က ဘာလဲ၊ ဟာ့ဒ်ဝဲစွမ်းဆောင်ရည်နဲ့ ၎င်းရဲ့ ဉာဏ်ရည်အဆင့်အတန်း (Intelligence Level) က ဘယ်လောက်အထိ ရှိသလဲဆိုတဲ့ အချက်အလက်တွေ အားလုံးကို ကုဒ်အဖြစ် ပြောင်းလဲထည့်သွင်းထားတာ ဖြစ်ပါတယ်။

China gives humanoid robots unique official ID numbers for tracking

ဒီအိုင်ဒီနံပါတ်ဟာ စက်ရုပ်တစ်ကောင်ချင်းစီရဲ့ သီးသန့် ဒီဂျစ်တယ် ပရိုဖိုင် (Digital Profile) နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး စက်ရုပ်ကို ဘယ်နေရာတွေမှာ စေလွှတ်အသုံးပြုနေလဲ၊ ဘယ်အချိန်မှာ ပြုပြင်ထိန်းသိမ်းမှု လုပ်ခဲ့လဲဆိုတဲ့ ရာဇဝင်မှတ်တမ်းတွေ အားလုံးကိုလည်း တပြိုင်နက်ထဲ သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စက်ရုပ်လုပ်ငန်းကဏ္ဍ အရှိန်အဟုန်နဲ့ ကြီးထွားလာတာကြောင့် ဘေးကင်းလုံခြုံမှုကို ထိန်းချုပ်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဒီစနစ်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အဓိကကတော့ စက်ရုပ်တွေကြောင့် မတော်တဆမှုတစ်ခုခု ဖြစ်ပွားလာရင် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို အတိအကျ ခြေရာခံနိုင်မှာ ဖြစ်သလို၊ စက်ရုပ်တွေကို ပြန်လည်ရောင်းချတာ ဒါမှမဟုတ် အစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြုတဲ့အခါမှာလည်း လိမ်လည်မှုမရှိအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

China gives humanoid robots unique official ID numbers for tracking

ဒီဆန်းသစ်တဲ့ ရှေ့ပြေးစီမံကိန်းကို တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့အတူ ဝူဟန်မြို့မှာရှိတဲ့ ဟူပေ လူတူစက်ရုပ် ဆန်းသစ်တီထွင်မှုဗဟိုဌာန (Hubei Humanoid Robot Innovation Center) က ဦးဆောင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိပ်တန်းစက်ရုပ်ကုမ္ပဏီ အစုအဖွဲ့အချို့ဟာ ၎င်းတို့ရဲ့ စက်ရုပ်တွေကို အောင်မြင်စွာ စမ်းသပ်မှတ်ပုံတင်ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီစနစ်အတွက် အမျိုးသားအဆင့် စံနှုန်းသတ်မှတ်ချက်တွေ အတည်ပြု ပြီးပြတ်သွားတာနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တရားဝင် စတင်အသုံးပြုသွားမှာ ဖြစ်တာကြောင့် မကြာခင်မှာ စက်ရုပ်တွေလည်း လူတွေလိုပဲ မှတ်ပုံတင်ကိုယ်စီနဲ့ သွားလာလှုပ်ရှားကြတော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation