အမေရိကန်အစိုးရဟာ ပျက်ကျသွားတဲ့ ယူအက်ဖ်အို (UFO) ယာဉ်တွေထဲကနေ ဂြိုဟ်သား မျိုးနွယ်စု ၄ မျိုးကို လျှို့ဝှက်ရှာဖွေရေး အစီအစဉ်တွေကတစ်ဆင့် ဖမ်းဆီးရမိထားတယ်လို့ စီအိုင်အေ (CIA) သုတေသီဟောင်း Hal Puthoff က အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ပါတယ်၊၊ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ Dan Farah ကလည်း အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေထဲမှာ လူသားမဟုတ်တဲ့ သက်ရှိတွေရဲ့ ပျက်ကျယာဉ် “အမြောက်အမြား” ကို သိမ်းဆည်းရမိခဲ့တဲ့ မှတ်တမ်းတွေ ရှိနေတယ်လို့ ထပ်လောင်း အတည်ပြုပေးခဲ့ပါတယ်၊၊

Four alien species pulled from crashed UFOs, researcher claims | NT News

အဲဒီလို ဖမ်းဆီးရမိထားတဲ့ ဂြိုဟ်သား ၄ မျိုးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သုတေသီ Hal Puthoff ရဲ့ လက်တွဲဖော် Eric Davis က အမည်ခွဲပြီး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊၊ သူတို့ရဲ့ အဆိုအရ ၁၉၄၇ ခုနှစ်က နာမည်ကျော် ရော့စ်ဝဲလ် (Roswell) ယူအက်ဖ်အို ပျက်ကျမှုမှာ အရပ် ၄ ပေခန့်သာရှိတဲ့ “Grays” လို့ခေါ်တဲ့ ဂြိုဟ်သားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ “Nordics”၊ “Reptilians” နဲ့ “Insectoids” မျိုးနွယ်စုတွေကတော့ လူသားတွေနဲ့ အရွယ်အစားတူ စွမ်းဆောင်ရည်မြင့် လူပုံသဏ္ဌာန် ဂြိုဟ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

Why Aren't Aliens Calling Earth? | Space

ဒီကိစ္စဟာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က သူတို့ရဲ့ ပထမဆုံး “ဂြိုဟ်သားဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွဲများ” (Alien Files) ကို လူထုထံ ချပြလိုက်ပြီးနောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံး အုန်းအုန်းကျွက်ကျွက် ပြန်ဖြစ်လာတာ ဖြစ်ပါတယ်၊၊ လက်ရှိမှာလည်း အဲဒီလို ဂြိုဟ်သားဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဆက်လက်ထုတ်ပြန်ပေးဖို့အတွက် Pete Hegseth ဦးဆောင်တဲ့ အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်၊၊

Ref : Fossbytes