ဂျာမနီနိုင်ငံက သုတေသီတွေဟာ အိမ်တွေ၊ ဆိုင်တွေမှာ သုံးနေတဲ့ ရိုးရိုး WiFi ကွန်ရက်တွေကို အားကောင်းတဲ့ “မမြင်ရတဲ့ ထောက်လှမ်းရေးစနစ်” အဖြစ် ပြောင်းလဲပစ်နိုင်မယ့် နည်းပညာသစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ ဒီစနစ်က ပုံမှန်ကြိုးမဲ့လှိုင်းတွေနဲ့ AI ကို ပေါင်းစပ်ပြီး အနီးနားက လူတွေရဲ့ ကိုယ်ခန္ဓာကြောင့် ရေဒီယိုလှိုင်းတွေ တုံ့ပြန်ပြောင်းလဲသွားပုံကို ကင်မရာတစ်လုံးလို ဖမ်းယူပုံဖော်တာ ဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာက စောင့်ကြည့်ခံရသူရဲ့ ကိုယ်ပေါ်မှာ ဖုန်း ဒါမှမဟုတ် WiFi ချိတ်ထားတဲ့ ပစ္စည်းတစ်ခုမှ ရှိမနေရင်တောင် (ဖုန်းပိတ်ထားရင်တောင်မှ) အနီးနားက တခြားစက်ပစ္စည်းတွေရဲ့ လှိုင်းလှုပ်ရှားမှုတွေကို ဖြတ်သန်းပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အမိအရ ဖမ်းဆုပ်နိုင်တာ ဖြစ်ပါတယ်။

Standard WiFi can identify individuals with near-perfect accuracy

ဒီနည်းပညာရဲ့ ထူးခြားချက်က အရင်စမ်းသပ်မှုတွေလို ကုန်ကျစရိတ်များတဲ့ အထူးအာရုံခံကိရိယာတွေ မလိုဘဲ ကျွန်တော်တို့ ပတ်ဝန်းကျင်က ရိုးရိုး WiFi Router တွေနဲ့တင် အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Router နဲ့ ဖုန်းတွေအကြား အပြန်အလှန် ပေးပို့နေတဲ့ အချက်အလက် (Beamforming Feedback) တွေဟာ လျှို့ဝှက်ကုဒ်စနစ် (Encryption) သုံးမထားတာကြောင့် လှိုင်းအကွာအဝေးအတွင်း ရှိနေရင် ဘယ်သူမဆို ခိုးဖတ်လို့ ရနေပါတယ်။ အဲဒီလှိုင်းဖြတ်သန်းမှုပုံစံတွေကို AI စနစ်ဆီ ပေးပို့ပြီး လေ့ကျင့်ပေးလိုက်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာတင် အဲဒီလူရဲ့ ပုံရိပ်နဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ကွက်ကွက်ကွင်းကွင်း မှတ်မိသွားစေတာ ဖြစ်ပါတယ်။

Scientists in Germany say ordinary WiFi routers can now identify and track  people with near-perfect accuracy using AI and radio wave reflections, even  if your phone is turned off. : r/tech_x

လူပေါင်း ၁၉၇ ဦးနဲ့ စမ်းသပ်ခဲ့ရာမှာ ဒီစနစ်ဟာ လူတွေ ဘယ်လိုပဲ လျှောက်လှမ်းနေပါစေ၊ ဘယ်ထောင့်ကပဲ ကြည့်ကြည့် ဘယ်သူလဲဆိုတာကို ၁၀၀ ရာခိုင်နှုန်းနီးပါး တိတိကျကျ ခွဲခြားခန့်မှန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် သုတေသီတွေကတော့ ဒီနည်းပညာဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှု (Privacy) ကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်ပြီး အထူးသဖြင့် အာဏာရှင်နိုင်ငံတွေမှာ ဆန္ဒပြသူတွေနဲ့ ပြည်သူတွေကို မသိမသာ နောက်ယောင်ခံစောင့်ကြည့်ဖို့ အသုံးချခံရမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် နောက်ပိုင်းထွက်လာမယ့် WiFi စံနှုန်းအသစ်တွေမှာ Privacy အကာအကွယ်တွေကို ပိုမိုတင်းကျပ်စွာ ထည့်သွင်းပေးဖို့ သူတို့က အပြင်းအထန် တောင်းဆိုထားကြပါတယ်။

Ref : Science Daily