အနာဂတ်မှာ ထွက်ပေါ်လာမယ့် AI စနစ်တွေက လူသားတွေထက် အဆမတန် အသိဉာဏ် လွန်ကဲသွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်မလာစေဖို့ တားဆီးပေးရမယ့် “AI ဘေးကင်းလုံခြုံရေး သုတေသနပညာရှင်” ရာထူးတစ်ခုအတွက် OpenAI ကုမ္ပဏီက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၄၅,၀၀၀ ခန့်   အထိ ပေးပြီး အလုပ်ခေါ်ယူနေပါတယ်။

အဲဒီရာထူးကတော့ လူသားတွေရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်လာနိုင်တဲ့ အဆင့်မြင့် AI စနစ်တွေရဲ့ ရေရှည်အန္တရာယ်တွေကို စောင့်ကြည့်လေ့လာရတဲ့ OpenAI ရဲ့ Preparedness (ကြိုတင်ပြင်ဆင်ရေး) အဖွဲ့မှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

OpenAI creates new oversight team, begins training next model

ဒီရာထူးကို ရရှိမယ့်သူကတော့ လူသားတွေရဲ့ ထိန်းကျောင်းမှု အနည်းဆုံးပဲ လိုအပ်ပြီး ပိုမိုစမတ်ကျတဲ့ ဗားရှင်းတွေကို ကိုယ်တိုင်ပုံစံထုတ်၊ ကိုယ်တိုင်သင်ယူ လေ့ကျင့်ပေးနိုင်မယ့် AI စနစ်တွေရဲ့ “အဆင်မပြတ် ကိုယ်တိုင်တိုးတက်အောင် လုပ်ဆောင်ခြင်း” (recursive self-improvement) လုပ်ငန်းစဉ်ကို အဓိက စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် AI ရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို စောင့်ကြည့်တာ၊ ဒေတာတွေ အဆိပ်ခတ်တိုက်ခိုက်ခံရမှုကနေ နည်းပညာမော်ဒယ်တွေကို ကာကွယ်တာနဲ့ အလိုအလျောက်စနစ်တွေက နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တွေနေရာမှာ ဘယ်လိုအစားထိုး ဝင်ရောက်လာနိုင်လဲဆိုတာတွေကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။

OpenAI brings Sam Altman back as CEO days after ouster

ဂူဂဲလ် DeepMind ရဲ့ စီးအီးအို ဖြစ်သူ Demis Hassabis က လူသားမျိုးနွယ်ဟာ AI နည်းပညာအသိဉာဏ် လူသားတွေကို ကျော်လွန်သွားမယ့် စက်မှုခေတ်ဦးကာလ (singularity) ရဲ့ “ခြေရင်းကို ရောက်ရှိနေပြီ” လို့ သတိပေးလိုက်ပြီးတဲ့နောက်မှာပဲ၊ အနာဂတ် သိပ္ပံရုပ်ရှင်တွေထဲကလို AI စိုးမိုးမယ့်အရေးကို ကြိုတင်ကာကွယ်မယ့် OpenAI ရဲ့ အခုလို အလုပ်ခေါ်ယူမှု သတင်းက ကမ္ဘာတစ်ဝန်းမှာ အတော်လေး လူပြောများပြီး စိတ်ဝင်စားမှု ခံနေရတာ ဖြစ်ပါတယ်။

Ref: Fossbytes