တောင်ကိုရီးယား ထိပ်တန်းမင်းသား ကင်ဆူဟျွန် (Kim Soo-hyun) အပေါ် မဟုတ်မမှန် စွပ်စွဲချက်တွေလုပ်ပြီး အနုပညာလမ်းကြောင်း ရပ်တန့်သွားအောင် လုပ်ခဲ့တဲ့ “Hover Lab” ယူကျုချန်နယ်ပိုင်ရှင် ကင်ဆဲအီ (Kim Se-ui) ကို တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီယူကျုဘီဟာ မင်းသား ကင်ဆူဟျွန်က ကွယ်လွန်သူ မင်းသမီး ကင်ဆဲရွန် (Kim Sae-ron) မိုင်နာ (အရွယ်မရောက်သေးသူ) ဖြစ်စဉ်ကတည်းက တွဲခဲ့တာပါဆိုပြီး အသံဖိုင်တွေ၊ မက်ဆေ့ခ်ျ Screenshot တွေကို AI နည်းပညာသုံးပြီး လုပ်ကြံဖန်တီးကာ အများပြည်သူ အထင်အမြင်လွဲအောင် ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ဗဟိုခရိုင်တရားရုံးကတော့ အဲဒီယူကျုဘီဟာ သက်သေတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် ထွက်ပြေးတာမျိုး လုပ်မှာစိုးလို့ အင်္ဂါနေ့မှာ ဖမ်းဝရမ်းထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Kim Soo-hyun emotionally denies dating Kim Sae-ron when she was a minor

အဲဒီစွပ်စွဲချက်တွေကြောင့် မင်းသား ကင်ဆူဟျွန်ဟာ လူမှုပတ်ဝန်းကျင်မှာရော စီးပွားရေးလုပ်ငန်းတွေမှာပါ အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အခုထက်ထိ စိတ်ကျန်းမာရေးကုသမှု ခံယူနေရတုန်းပဲလို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မင်းသားဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက မျက်ရည်စက်လက်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီမင်းသမီးနဲ့ တွဲခဲ့တာမှန်ပေမယ့် အရွယ်ရောက်ပြီးမှ တွဲခဲ့တာဖြစ်ကြောင်းနဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို တရားဥပဒေအတိုင်း သက်သေပြသွားမယ့်အကြောင်း ပြောကြားခဲ့ပြီး အဲဒီယူကျုဘီကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

South Korean police are seeking an arrest warrant for a YouTuber who  allegedly faked evidence that defamed actor Kim Soo-hyun and fuelled a  scandal that ruined his career.

အခုလို ဖမ်းဆီးလိုက်ပြီးတဲ့နောက် မင်းသား ကင်ဆူဟျွန်ရဲ့ အေဂျင်စီကနေ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး “အမှန်တရားကို သက်သေပြနိုင်ခဲ့ပြီ” လို့ ပြောဆိုလိုက်ပါတယ်။ Hover Lab ရဲ့ စွပ်စွဲချက်တွေအားလုံးဟာ အခြေအမြစ်မရှိဘူးဆိုတာ စုံစမ်းစစ်ဆေးမှုမှာ ပေါ်ပေါက်ခဲ့ပြီး မင်းသား ကင်ဆူဟျွန်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ သူ့ကိုယ်သူ အပြစ်မရှိကြောင်း သက်သေပြမယ်ဆိုတဲ့ ကတိအတိုင်း ကြိုးစားခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားရင်း အနားမှာ ရပ်တည်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောထားပါတယ်။ အဖမ်းခံရတဲ့ ယူကျုဘီ ကင်ဆဲအီကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရဲနဲ့ အစိုးရရှေ့နေတွေကို ပြန်လည်တိုင်ကြားသွားမယ်လို့ ပြောနေပါတယ်။

Ref : BBC