ဗိုင်းရပ်စ်မျိုးကွဲပေါင်းစုံကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ပြီး နောင်ဖြစ်လာမယ့် ကပ်ရောဂါဆိုးတွေကိုပါ ကြိုတင်ကာကွယ်ပေးနိုင်မယ့် “အမျိုးအစားသစ်” ကာကွယ်ဆေးတစ်ခုကို ဉာဏ်ရည်တု (AI) နည်းပညာ သုံးပြီး သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်ပါတယ်။ ကိန်းဘရစ်ချ် တက္ကသိုလ် (University of Cambridge) ရဲ့ သုတေသနအဖွဲ့ ပြောကြားချက်အရ ကာကွယ်ဆေးတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ အန်တီဂျင် (Antigen) ကို AI နဲ့တင် ပုံစံထုတ်ပြီး လူသားတွေနဲ့ ပထမဆုံးအကြိမ် စမ်းသပ်တာ ဖြစ်ပါတယ်။ အခု ကာကွယ်ဆေးကို ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲအားလုံးနဲ့ တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်ပြီး ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မိသားစုဝင် အားလုံးကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

Getty Images A laboratory setting with a person in a white lab coat working at a bench. The person is wearing protective gloves and a face mask while carefully using a pipette to transfer liquid into a small test tube. Several racks of test tubes with coloured liquids are arranged neatly on the work surface in the foreground. Scientific equipment and shelves are visible in the background, suggesting a clean and organised workspace

ပုံမှန်အားဖြင့် ဗိုင်းရပ်စ်တွေက အသွင်ပြောင်းလဲ (Mutate) တတ်တာကြောင့် လက်ရှိ ကာကွယ်ဆေးတွေက အချိန်တိုအတွင်း ခေတ်နောက်ကျသွားပြီး ဗိုင်းရပ်စ်နောက်ကို လိုက်မမီဖြစ်လေ့ ရှိပါတယ်။ ဒါကို ကျော်လွှားဖို့ သုတေသီတွေက ရှိသမျှ ကိုရိုနာဗိုင်းရပ်စ် အမျိုးမျိုးရဲ့ မျိုးဗီဇကုဒ်တွေကို AI နဲ့ ခွဲခြမ်းစိတ်ဖြာခိုင်းပြီး ဗိုင်းရပ်စ်တွေ ဘယ်လိုပဲ ပုံစံပြောင်းသွားပါစေ၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှတ်မိပြီး တိုက်ခိုက်နိုင်မယ့် “Super-antigen” တစ်ခုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လူပေါင်း ၃၉ ယောက်နဲ့ ဘေးကင်းစိတ်ချရမှု ရှိ၊ မရှိ ပထမအဆင့် စမ်းသပ်ထားပြီး နောက်ထပ် လူ ၂၀၀ နီးပါးနဲ့ ဒုတိယအဆင့် ဆက်လက် စမ်းသပ်သွားဖို့ ရှိပါတယ်။

Getty Images The image shows a healthcare setting where a medical professional is administering an injection to another person’s upper arm. The medical professional is wearing a blue uniform, a face mask, and holding a syringe carefully while preparing or delivering the shot. The seated individual has their sleeve slightly pulled up to expose the upper arm for the injection. The background appears softly blurred, with other people and elements suggesting a busy clinic or vaccination site.

ဒီသုတေသနဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့ ခုခံအားစနစ်အပေါ် သိသိသာသာ သက်ရောက်မှု ရှိတာကို တွေ့ရတဲ့အတွက် ပညာရှင်တွေကြားထဲမှာ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။ ကိန်းဘရစ်ချ်အဖွဲ့ဟာ ဒီ AI နည်းပညာကိုသုံးပြီး နှစ်စဉ် အသစ်လဲစရာမလိုတဲ့ တုပ်ကွေး ကာကွယ်ဆေး၊ ကြက်ငှက်တုပ်ကွေး (H5N1) ကာကွယ်ဆေးအပြင် လက်ရှိ ကာကွယ်ဆေးမရှိသေးတဲ့ အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုပါ တိရစ္ဆာန်တွေနဲ့ ဆက်လက် စမ်းသပ်နေပါတယ်။ အခုလို AI နည်းပညာ အသုံးပြုလာနိုင်တာဟာ ကာကွယ်ဆေး သုတေသနကဏ္ဍအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာပြီး ကာကွယ်ဆေး ထုတ်လုပ်မှုကို ပိုမိုမြန်ဆန်လာစေတာကြောင့် လူ့သက်တမ်းပေါင်းများစွာကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Ref : bbc