အီလွန်မတ်စ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ (ဒေါ်လာ ဘီလီယံတစ်ထောင်ချမ်းသာသူ) ဖြစ်လာဖို့ နီးစပ်နေပါတယ်။ သူပိုင်ဆိုင်တဲ့ စပေ့စ်အိပ်စ် (SpaceX) ကုမ္ပဏီကို ရှယ်ယာဈေးကွက်ထဲ လာမယ့်အပတ်မှာ စတင်ရောင်းချဖို့ (IPO) စီစဉ်ထားပြီး အောင်မြင်ခဲ့ရင် သူ့ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက ဒေါ်လာ ၁.၁၁ ထရီလီယံအထိ ရှိလာမှာ ဖြစ်ပါတယ်။

SpaceX CEO Elon Musk provides an update on the development of the Starship spacecraft and Super Heavy rocket back in 2022. The plans for SpaceX to sell shares to the public would make Musk the world's first trillionaire. - Jonathan Newton/The Washington Post/Getty Images

ဒေါ်လာ ၁ ထရီလီယံဆိုတာ တစ်သက်လုံး ဘယ်လိုမှ သုံးလို့မကုန်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ တစ်ရက်ကို ၂၄ နာရီပတ်လုံး တစ်နာရီကို ဒေါ်လာ ၁ သန်းနှုန်းနဲ့ နေ့တိုင်းသုံးရင်တောင် ဒေါ်လာ ၁ ထရီလီယံ ကုန်သွားဖို့ ရာစုနှစ်တစ်ခုကျော် ကြာမှာ ဖြစ်ပါတယ်။

S&P's SpaceX Snub Shows Elon Musk the Power of Index Gatekeepers - Bloomberg

အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုက ကမ္ဘာပေါ်က နိုင်ငံအများစုရဲ့ စီးပွားရေးပမာဏထက်တောင် ပိုပြီး ကြီးမားနေပါတယ်။ ဥပမာပြောရရင် ထိုင်ဝမ်၊ အိုင်ယာလန်၊ ဆွီဒင်၊ စင်ကာပူနဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးထက် ပိုများသလို အမေရိကန်ရဲ့ စီးပွားရေးအချက်အချာ မန်ဟက်တန်ကျွန်းတစ်ခုလုံးရဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုးထက်လည်း သာလွန်နေပါတယ်။

ဒါတင်မကသေးဘဲ ဟူစတန်မြို့က အိမ်ခြံမြေအားလုံးရဲ့ တန်ဖိုး၊ အမေရိကန်မှာ တစ်နှစ်အတွင်း ဝယ်ထားတဲ့ ကားသစ်အားလုံးရဲ့ တန်ဖိုး၊ ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းကြီး ၅၀ စလုံးရဲ့ တန်ဖိုး ဒါမှမဟုတ် ဂျက်ဖ်ဘေဇော့စ် အပါအဝင် ထိပ်သီးနည်းပညာ ဘီလီယံနာ ၄ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းလိုက်ရင်တောင် အီလွန်မတ်စ် တစ်ယောက်တည်းရဲ့ တန်ဖိုးကို မမီနိုင်ပါဘူး။

Ref: Yahoo