အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းတွင် နည်းပညာဆန်းသစ်တီထွင်မှုများနှင့် ဒစ်ဂျစ်တယ် ကွန်ရက်ချိတ်ဆက်မှုများ မြှင့်တင်ပံ့ပိုးပေးခြင်းဖြင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို မှတ်တိုင် စိုက်ထူခဲ့။

အက်တမ်(ATOM) သည် ၎င်း၏ 4G ကွန်ရက်၊ Cloud အခြေခံအဆောက်အအုံများနှင့် အနာဂတ် ကွန်ရက် အဆင်သင့်ဖြစ်စေရေးတို့အတွက် ဆက်လက် အဆင့်မြှင့်တင်လျက်ရှိ။

အက်တမ်(ATOM) သည် ၂၀၂၂ ခုနှစ်မှစတင်၍ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်း ကတိကဝတ်အဖြစ် ငွေကျပ် (၈.၃၈) ဘီလီယံ တန်ဖိုးအထိ လှူဒါန်းခဲ့ပြီး ယခုအခါတွင်လည်း ကလေးငယ် (၅၄) ဦး၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသမှုများကို ပံ့ပိုးကူညီခဲ့။


မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေပြီး Great Place to Work® အသိအမှတ်ပြုလက်မှတ်ရ ကုမ္ပဏီတစ်ခုဖြစ်သည့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်ကွန်ရက်ချိတ်ဆက်မှု၊ နည်းပညာမြှင့်တင်မှု၊ လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်မှုနှင့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ်ပေးမှု ကဏ္ဍများတွင် ပြီးခဲ့သည့်နှစ်များအတွင်း စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ခဲ့ခြင်းများကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ယူစွာဖြင့် ကျင်းပဆင်နွှဲခဲ့သည်။

အက်တမ်(ATOM) သည် လွန်ခဲ့သည့် ကာလအတွင်း ကုမ္ပဏီ၏ အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုရန်နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ တိုးတက်မြင့်မားရေးနှင့် လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီသွားမည့် ရေရှည်ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန် ရည်ရွယ်၍ ဝန်ထမ်းများ၊ မိတ်ဖက်များ၊ လုပ်ငန်းချိတ်ဆက်လုပ်ကိုင်သူများ အားလုံးနှင့်အတူ အထူးနှစ်ပတ်လည်အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့သည်။


နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် အက်တမ်(ATOM) သည် မြန်မာလူငယ်များ၏ ကွဲပြားစုံလင်သော ဒစ်ဂျစ်တယ်လူနေမှုပုံစံများကို ကိုယ်စားပြုသည့် Brand Characters မိသားစုဝင်များ ဖြစ်သော တို့တို့၊ ဂို့ဂို့၊ ပို့ပို့ နှင့် မို့မို့ တို့ ပါဝင်သည့် ‘Toh Toh Squad’ အသစ်ကို မိတ်ဆက်ခဲ့သည်။ ဤအစီအစဉ်သည် အက်တမ်(ATOM) ၏ ပိုမိုကောင်းမွန်ခြင်းထက်သာလွန်စေရန် ဟူသည့် မျှော်မှန်းချက်နဲ့အညီ စိတ်လှုပ်ရှားစရာ သုံးစွဲသူဗဟိုပြု ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဖန်တီးပေးရန်ဆိုသည့် ကတိကဝတ်ကို ထင်ဟပ်စေသည်။

“လွန်ခဲ့တဲ့နှစ်များအတွင်း ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုတိုင်းဟာ ကွန်ရက်ချိတ်ဆက်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ ထိရောက်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကတစ်ဆင့် ပြည်သူတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်နဲ့အတူ ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ကွန်ရက်တွေကို ဆက်လက်ချဲ့ထွင်ပြီး အနာဂတ်အတွက် အဆင်သင့်ဖြစ်စေမယ့် နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေသလိုပဲ၊ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်လူရွယ်တွေအတွက် ရေရှည်အကျိုးရှိစေမယ့် အရာတွေကို ဖန်တီးပေးနိုင်ဖို့အတွက်လည်း အစဉ်တစိုက် ဆက်လက်လုပ်ဆောင် သွားမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။


အက်တမ်(ATOM) သည် စတင်တည်ထောင်သည့်အချိန်မှစ၍ အနာဂတ်တွင် ကြုံတွေ့လာနိုင်မည့် ကွန်ရက် လိုအပ်ချက်များကို အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ ကွန်ရက်လွှမ်းခြုံမှုနှင့် ကွန်ရက်ပမာဏ (Capacity) မြှင့်တင်ခြင်းလုပ်ငန်းများတွင် အထူးအလေးပေး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၎င်း၏ ရေဒီယိုလှိုင်းစနစ် (Radio)၊ ပင်မကွန်ရက် (Core)၊ ပို့ဆောင်ရေးကွန်ရက် (Transport)၊ ဖိုင်ဘာ (Fiber) နှင့် နေရောင်ခြည်စွမ်းအင်သုံး အခြေခံအဆောက်အအုံ (Solar-powered Infrastructure) များကိုလည်း ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် အဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ အက်တမ်(ATOM) သည် ကွန်ရက်အခြေခံ အဆောက်အအုံများတွင် နေရောင်ခြည်စွမ်းအင်သုံး စနစ်များကို တိုးမြှင့်တပ်ဆင် အသုံးပြုလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် သမားရိုးကျ စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုကို လျှော့ချနိုင်ခဲ့သည့်အပြင် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန် ခိုင်မာစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့မှုကိုလည်း တစ်ပါတည်း မြှင့်တင်ပေးနိုင်ခဲ့သည်။

အက်တမ်(ATOM) သည် လက်ရှိ နိုင်ငံတစ်ဝန်းတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက် (၂၃၀) နှင့် ATOM STAR Partner ပေါင်း (၅၀၀) ကျော်ဖြင့် ခိုင်မာသော မိတ်ဖက်ဂေဟစနစ် တစ်ခုကိုလည်း တည်ဆောက်ထားနိုင်ခဲ့သည်။ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်နှင့် Fintech လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ E-commerce နှင့် ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍစုံမှ လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အက်တမ်(ATOM) သည် ၎င်း၏ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော တန်ဖိုးများ၊ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ချောမွေ့သော ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဆက်လက်ပံ့ပိုး ပေးလျက်ရှိသည်။


“ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ ပြည်သူတွေကို အမြဲတမ်းဦးစားပေးပြီး လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့၊ အရည်အချင်းလုပ်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီဖို့ အတွက် အဓိက အလေးပေးထားပါတယ်။ ဆန်းသစ်တီထွင်မှုတွေ၊ အစဉ်မပြတ် လေ့လာသင်ယူမှုတွေနဲ့အတူ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ဆောင်ပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အနာဂတ်ကို ကူညီတည်ဆောက်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” ဟု အက်တမ်(ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းဆွေ က ပြောကြားခဲ့သည်။

အက်တမ်(ATOM) ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အစီအစဉ်အဖြစ် ရန်ကုန်နှင့် မန္တလေးမှ ကလေးငယ် (၅၄) ဦး၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသမှုများကို ပံ့ပိုးကူညီခဲ့သည်။ ဤမွန်မြတ်လှသော အစီအစဉ်မှ တစ်ဆင့် အကူအညီလိုအပ်နေသော ကလေးငယ်များနှင့် မိသားစုများအတွက် ဘဝတစ်ခုလုံးကို ပြောင်းလဲ ပေးနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များကို ပေးစွမ်းနိုင်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ (၁.၁၆) သန်းကျော်ကို အကျိုးပြုခဲ့သည့် ပြီးခဲ့သည့်နှစ်များအတွင်း လူမှုအကျိုးပြု အစီအစဉ် ကြီး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး၊ လက်ရှိအချိန်အထိ ကျန်းမာရေး၊ ပညာရေး၊ ဒစ်ဂျစ်တယ်စနစ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအသီးသီးတို့အတွက် စုစုပေါင်းလှူဒါန်းမှု တန်ဖိုးမှာ ငွေကျပ် (၈.၃၈) ဘီလီယံကျော် ရှိခဲ့ပြီဖြစ်သည်။ ထို့အပြင် အွန်လိုင်းကျန်းမာရေး စောင့်ရှောက်မှု (Telemedicine) အစီအစဉ်တစ်ခုတည်းမှပင် အကျိုးခံစားခွင့်ရှိသူပေါင်း (၄၃၂,၄၅၇) ဦးထံသို့ စုစုပေါင်း အလှူငွေကျပ် (၃၃၁,၈၅၆,၉၃၈) အား လှူဒါန်းခဲ့ပြီး ဖြစ်သည်။


ထို့အပြင် အက်တမ်(ATOM) သည် စနစ်တကျ ရေးဆွဲထားသည့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ် ပေးရေး အစီအစဉ်များမှတစ်ဆင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးပိုင်းဆိုင်ရာအတွက်လည်း ဆက်လက်ဦးစားပေး လုပ်ဆောင်နေပြီး လွန်ခဲ့သည့်နှစ်များအတွင်း ‘Talent Accelerator Programme’ နှင့် ‘Internship Programme’ များမှတဆင့် လူငယ်မောင်မယ် (၁၀၈) ဦးခန့် ကို ကြိုဆိုလက်ခံခဲ့သည်။ ဤအစီအစဉ်များသည် လူငယ်ပညာရှင်များနှင့် ဘွဲ့ရခါစလူငယ်များအတွက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ လက်တွေ့သင်ယူမှုများနှင့် အတွေ့အကြုံရှိပညာရှင်များထံမှ လမ်းညွှန်မှုများကို စနစ်တကျ ရရှိစေရန် ပံ့ပိုးလုပ်ဆောင် ပေးထားခြင်း ဖြစ်သည်။

Great Place to Work® အသိအမှတ်ပြုလက်မှတ်ကို ဒုတိယအကြိမ်မြောက် ဆက်တိုက်ရရှိခြင်းနှင့်အတူ အက်တမ်(ATOM) ၏ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အက်တမ်(ATOM) ၏ အောင်မြင်မှုများသည် ယုံကြည်မှုမြင့်မားစွာဖြင့် ဝန်ထမ်းများကို ဗဟိုပြုသည့် ယဉ်ကျေးမှုပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ယခုမှတ်တိုင်သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် သုံးစွဲသူများ၊ လူမှု အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များအတွက် ရေရှည်တန်ဖိုးများ ပေးစွမ်းနိုင်မည့် အနာဂတ် အဆင်သင့်ဖြစ်သော ကွန်ရက်ချိတ်ဆက်မှုများကို တည်ဆောက်ကာ၊ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းသွားမည့် အက်တမ်(ATOM) ၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေသည်။

Media release: ATOM