တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နိုင်ငံရဲ့ ပထမဆုံး AI နည်းပညာ အကူအညီသုံး ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုကို စတင် တည်ဆောက်နေပြီ ဖြစ်လို့ ကင်ဆာဝေဒနာရှင် သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်အလင်းရောင် သစ်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီ စီမံကိန်းကို Likang Life Sciences ကုမ္ပဏီက လုပ်ဆောင်နေတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ အပြီးသတ် ဖော်ဆောင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီ ဆေးဝါးသုတေသနနဲ့ ထုတ်လုပ်မှု စင်တာအတွက် စုစုပေါင်း ယွမ် ၁၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၆.၁ သန်း) ခန့်အထိ အများအပြား ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

The project reflects a global shift in the pharmaceutical sector towards harnessing artificial intelligence. Photo: Shutterstock

အဲဒီ စက်ရုံရဲ့ ထူးခြားချက်ကတော့ ဆဲလ်ကုထုံးဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းတွေနဲ့အတူ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ LK101 ကင်ဆာ ကာကွယ်ဆေး ထုတ်လုပ်မှုလိုင်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီ ကာကွယ်ဆေးဟာ လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာဆဲလ် DNA တွေကို ခွဲခြမ်းစိပ်ဖြာပြီး ရောဂါဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကို တိတိကျကျ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ အံ့ဩဖို့ကောင်းတာက AI နည်းပညာကို အသုံးပြုထားတာကြောင့် အရင်က အချိန်အများကြီးပေးရတဲ့ အဲဒီ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ရက်အတွင်းမှာတင် အပြီးသတ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

China Launched World's First AI Hospital with 14 AI Doctors - The Daily CPEC

ဒီစီမံကိန်းဟာ ဆေးဝါးလုပ်ငန်း ကဏ္ဍမှာ AI နည်းပညာကို အသုံးပြုလာတဲ့ ကမ္ဘာ့အပြောင်းအလဲကြီးတစ်ခုကို ပြသနေတာလည်း ဖြစ်ပါတယ်။ Bank of America ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့ AI ကျန်းမာရေးစောင့်ရှောက်မှု ဈေးကွက်ဟာ ၂၀၃၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်အထိ ဗုံးပေါက်သလို ထိုးတက်လာနိုင်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ကင်ဆာရောဂါဟာ ဒုတိယမြောက် သေဆုံးမှု အများဆုံး ရောဂါဖြစ်တာကြောင့် အခုလို AI နဲ့ ကင်ဆာကို တိုက်ဖျက်မယ့် နည်းပညာဟာ လူနာတွေအတွက် တကယ့်ကို အားကိုးစရာ ဖြစ်လာမှာပါ။

Ref : South China Morning Post