တက်စလာ (Tesla) ကုမ္ပဏီဟာ ပထမဆုံးအသုတ်အနေနဲ့ ထုတ်လုပ်ထားတဲ့ Cybercab ရိုဘော့တက္ကစီ (Robotaxi) တွေကို တက္ကဆက်ပြည်နယ် အော်စတင်မြို့ရဲ့ အများပြည်သူသုံး လမ်းမတွေပေါ်မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ စမ်းသပ်မောင်းနှင်မှုတွေ စတင်ပြုလုပ်နေပါတယ်။ ခရီးသည်နှစ်ယောက်စီး စနစ်နဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ အဲဒီမော်တော်ယာဉ်တွေမှာ စတီယာရင်နဲ့ လီဗာ၊ ဘရိတ်ခြေနင်းတွေ လုံးဝပါဝင်ခြင်းမရှိဘဲ Tesla ရဲ့ (FSD) လို့ခေါ်တဲ့ အပြည့်အဝကိုယ်တိုင်မောင်းနှင်နိုင်တဲ့ AI စနစ်ကိုပဲ အပြည့်အဝအသုံးပြုထားတာ ဖြစ်ပါတယ်။

Robotaxis in the Wild: Tesla's Cybercab Rolls Through Austin Traffic -  Digital Trends

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အော်စတင်မြို့တွင်းမှာ Cybercab မောင်းနှင်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို Tesla နဲ့ အီလွန်မတ်စ် (Elon Musk) တို့က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုတွေအတွင်းမှာ ဘေးကင်းလုံခြုံရေးအတွက် စောင့်ကြည့်ရမယ့်သူတစ်ဦး ယာဉ်ပေါ်မှာ လိုက်ပါသွားပေမယ့်လည်း အဲဒီလူဟာ စတီယာရင်လှည့်တာ၊ ဘရိတ်နင်းတာ ဒါမှမဟုတ် အရှိန်မြှင့်တာမျိုးတွေကို လုပ်ဆောင်ခြင်းမရှိပါဘူး။ ယာဉ်ရဲ့အတွင်းပိုင်းမှာတော့ ခရီးသည်ထိုင်ခုံနှစ်နေရာနဲ့ လမ်းကြောင်းပြစနစ်၊ အရှိန်နှုန်းနဲ့ ကိုယ်တိုင်မောင်းနှင်မှုအခြေအနေတွေကို ပြသပေးမယ့် မျက်နှာပြင်အကြီးစားတစ်ခုပဲ ပါဝင်တဲ့အတွက် ခရီးသည်တွေအတွက် ပိုမိုကျယ်ဝန်းတဲ့ နေရာအကျယ်အဝန်းကို ရရှိစေပါတယ်။

Tesla Is Testing a Cybercab With No Steering Wheel or Pedals on Austin Roads

လက်ရှိမှာတော့ Cybercab အစီးရေ ၃၄ စီးခန့်ဟာ အော်စတင်မြို့အနှံ့မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးအတည်ပြုမှုတွေ ပြုလုပ်နေပြီး ဒါဟာ အရင်က Model Y မော်တော်ယာဉ်တွေကို ပြုပြင်မွမ်းမံပြီး အသုံးပြုခဲ့တဲ့ ရိုဘော့တက္ကစီ စီမံကိန်းကို ပိုမိုတိုးချဲ့လိုက်တာ ဖြစ်ပါတယ်။

Ref : Technology Innovation