Apple က ခေါက်ဖုန်း ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးပေမယ့် ဇိမ်ခံပစ္စည်း မွမ်းမံပြင်ဆင်တဲ့ Caviar ကုမ္ပဏီကတော့ Apple ရဲ့ ခေါက်ဖုန်းအတွက် Flagship collection အသစ်ကို ကြိုတင်ပြင်ဆင် ကြေညာလိုက်ပါတယ်။ (အဲဒီဖုန်းကို စက်တင်ဘာလမှာ ကြေညာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ )ဒီဇိုင်း မော်ဒယ် ၄ မျိုး ပါဝင်ပြီး မော်ဒယ်တစ်ခုစီကို အစုံရေ ၁၉ စုံစီပဲ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဗားရှင်းအားလုံးရဲ့ အနောက်ဘက် panel မှာ သုံးဖက်မြင် (3D) Apple logo အလှဆင်ပါဝင်မှာ ဖြစ်ပါတယ်။

Caviar iPhone Ultra Collection

စျေးနှုန်းအသက်သာဆုံး Titan မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁၃,၈၄၀ နဲ့ စျေးနှုန်းသတ်မှတ်ထားပြီး titanium ကိုယ်ထည်နဲ့ မိကျောင်းသားရေ ပေါင်းစပ်ထားပါတယ်။ စပျစ်ဝိုင်ခရမ်းရောင် မိကျောင်းသားရေနဲ့ ရွှေအလှဆင်ထားတဲ့ Dark Cherry မော်ဒယ်ကတော့ ဒေါ်လာ ၁၄,၂၇၀ ရှိပြီး ငွေစင်နဲ့ ပြုလုပ်ထားတဲ့ Silver မော်ဒယ်ကတော့ ဒေါ်လာ ၁၅,၂၇၀ ကျသင့်မှာ ဖြစ်ပါတယ်။ စျေးအကြီးဆုံးကတော့ ကာဗွန်ဖိုင်ဘာပေါ်မှာ ရွှေမျှင်တွေနဲ့ ရက်လုပ်ထားပြီး ၁၈ ကာရက် ရွှေစင် logo ပါဝင်တဲ့ Gold မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၁၅,၅၆၀ စျေးရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ဒေါ်လာ ၁၅,၀၀၀ ဟာ သိန်း ၆၀၀ ကျော်တန်ကြေးရှိပါတယ်။

About collection : The flagship : Collections : CAVIAR - Luxury iPhones and  Cases

လက်ရှိမှာတော့ Caviar ရဲ့ ဝက်ဘ်ဆိုက်မှာ Apple ရဲ့ ခေါက်ဖုန်း collection အတွက် စုံစမ်းမေးမြန်းမှုတွေကို လက်ခံနေပါတယ်။

Ref : gizmochina