Sony ကုမ္ပဏီဟာ ဈေးကွက်အခြေအနေနဲ့ လူသုံးများတဲ့ ပုံစံတွေ ပြောင်းလဲလာတာကြောင့် ၂၀၂၈ ခုနှစ် ဇန်နဝါရီလကစပြီး PlayStation ဂိမ်းခွေထုတ်လုပ်မှုတွေကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ထွက်ရှိလာမယ့် ဂိမ်းအသစ်တွေကို PlayStation Store လိုမျိုး အွန်လိုင်းစတိုးတွေကနေပဲ Digital စနစ်နဲ့ သီးသန့်ရောင်းချသွားမှာဖြစ်ပြီး အရင်က ထွက်ရှိထားတဲ့ ဂိမ်းခွေတွေကိုတော့ ထိခိုက်မှုရှိမှာမဟုတ်ပါဘူး အခုလို လုပ်ဆောင်တာဟာ ဖျော်ဖြေရေးကဏ္ဍမှာ ဒစ်ဂျစ်တယ်မီဒီယာဘက်ကို ပိုပြီးအားသာလာတဲ့ လူနေမှုပုံစံအပြောင်းအလဲကို ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။

Photo: REUTERS

ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအချက်အလက်တွေအရ ဂိမ်းခွေရောင်းရငွေဟာ စုစုပေါင်းဆော့ဖ်ဝဲရောင်းရငွေရဲ့ ၃ ရာခိုင်နှုန်းပဲ ရှိတော့တာကြောင့် အခုလို ဒစ်ဂျစ်တယ်ဘက်ကို လုံးဝကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းအားဖြင့် Sony အနေနဲ့ ဂိမ်းဈေးနှုန်းတွေကို အပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်ပြီး တစ်ပတ်ရစ်ဂိမ်းခွေဈေးကွက်ကြောင့် ဆုံးရှုံးနေတဲ့ ဝင်ငွေတွေကို ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Rockstar Games က ထွက်ရှိမယ့် Grand Theft Auto 6 (GTA 6) ကိုလည်း အခွေထဲမှာ ဂိမ်းဒေတာအစား ဒေါင်းလုဒ်ကုဒ်ပဲ ထည့်သွင်းပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ပဲ ရောင်းချသွားမယ်လို့ အတည်ပြုထားပါတယ်။

Fans Are Furious After Sony Announces Death Of PlayStation Discs by 2028,  The Industry Is Pushing Back

အခြားတစ်ဖက်မှာလည်း Sony ဟာ PlayStation 3 နဲ့ PlayStation Vita တို့လိုမျိုး စနစ်ဟောင်းတွေအတွက် PlayStation Store ကို ပိတ်သိမ်းဖို့ ပြင်ဆင်နေပြီး ထိုင်းနိုင်ငံမှာတော့ ၂၀၂၇ ခုနှစ် ဇူလိုင်လကစပြီး အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အခုလို နည်းပညာကုမ္ပဏီကြီးတွေက ဒစ်ဂျစ်တယ်စနစ်ကို လုံးဝကူးပြောင်းလာတာဟာ သုံးစွဲသူတွေအတွက် ရွေးချယ်စရာနည်းပါးသွားစေနိုင်သလို ရိုးရာဂိမ်းခွေအရောင်းဆိုင်တွေအတွက်လည်း ရေရှည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အကဲဖြတ်သူတွေက သုံးသပ်ထားကြပါတယ်။

Ref : Bangkokpost