Alphabet ကုမ္ပဏီရဲ့ လက်အောက်ခံ Google ဟာ Android OS ကို အသုံးပြုပြီး ပြိုင်ဘက်တွေကို ပိတ်ပင်တားဆီးခဲ့တဲ့အတွက် ဥရောပသမဂ္ဂ (EU) က စံချိန်တင် ဒဏ်ငွေချမှတ်ခဲ့တာကို ကန့်ကွက်ဖို့ နှစ်ရှည်လများ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲမှာ ကြာသပတေးနေ့က ရှုံးနိမ့်သွားပါတယ်။

ဒီတရားရုံး ဆုံးဖြတ်ချက်ကြောင့် ဥရောပရဲ့ နည်းပညာကုမ္ပဏီကြီးတွေအပေါ် နှိမ်နင်းမှုတွေ ပိုမိုအားကောင်းလာဖွယ် ရှိပါတယ်။

Google's €2.95 billion EC antitrust fine is just the beginning – Computerworld

EU ရဲ့ စျေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့ဟာ ၂၀၁၈ ခုနှစ်မှာ Google ကို ယူရို ၄.၃၄ ဘီလီယံ ဒဏ်ငွေစတင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ Android Device တွေမှာ Google Search၊ Chrome Browser နဲ့ Google Play app store တို့ကို မဖြစ်မနေ ကြိုတင်ထည့်သွင်းခိုင်းတာတွေအပြင် ပြိုင်ဘက်စနစ်တွေကို အသုံးမပြုဖို့ တားမြစ်ခဲ့တဲ့ သဘောတူညီချက်တွေကြောင့် အခုလို ဒဏ်ငွေချမှတ်ခံရတာ ဖြစ်ပြီး နောက်ပိုင်းမှာ အောက်တရားရုံးက ဒဏ်ငွေပမာဏကို ယူရို ၄.၁ ဘီလီယံအထိ လျှော့ချပေးခဲ့ပေမယ့် အခုအခါမှာတော့ ဥရောပရဲ့ အမြင့်ဆုံးတရားရုံးက Google ရဲ့ အယူခံကို ပယ်ချပြီး ဒဏ်ငွေကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Google fined a record €2.4 billion by the EU for manipulating search results | The Verge

ဒီစံချိန်တင် ဒဏ်ငွေပမာဏဟာ Alphabet ကုမ္ပဏီရဲ့ နှစ်စဉ်အမြတ်ငွေ ၃ ရာခိုင်နှုန်းအောက်ပဲ ရှိပေမယ့် အခုလို ရှုံးနိမ့်မှုကြောင့် အခြားစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ကုမ္ပဏီတွေက Google ဆီကနေ နစ်နာကြေးတောင်းဖို့ ပိုမိုရဲတင်းလာနိုင်ပါတယ်။

Google ပြောရေးဆိုခွင့်ရှိသူကတော့ Android စနစ်ကို အခမဲ့နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တရားရုံးက ထည့်သွင်းစဉ်းစားခြင်း မရှိဘူးလို့ ပြောဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်ကတည်းက စည်းမျဉ်းတွေနဲ့အညီ ပြင်ဆင် ဆောင်ရွက်ထားတယ်လို့ ရှင်းလင်းထားပါတယ်။

Ref: Bangkokpost