လူသားမလိုဘဲ အေအိုင် (AI) နည်းပညာနဲ့တင် သီးသန့်လည်ပတ်မယ့် ကုမ္ပဏီတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးနိုင်မယ့် သမိုင်းဝင် ဥပဒေကြမ်းတစ်ခုကို အာဂျင်တီးနား သမ္မတ ဟာဗီယာ မီလေ (Javier Milei) က လွှတ်တော်ဆီ တင်သွင်းလိုက်ပါတယ်။ ဒီအဆိုပြုချက်သာ အတည်ဖြစ်လာခဲ့ရင် အာဂျင်တီးနားဟာ အေအိုင်နဲ့ လည်ပတ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တရားဝင် ဥပဒေမူဘောင် ရေးဆွဲပေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာမှာပါ။

Analysis:Argentina's plan for AI-run companies can't avoid humans - CNA

“အလိုအလျောက် လည်ပတ်သည့် ကုမ္ပဏီ” (Automated company) လို့ အမည်ပေးထားတဲ့ ဒီလုပ်ငန်းအမျိုးအစားမှာ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို စီမံတာကအစ စီးပွားရေးဆိုင်ရာ အရေးကြီး ဆုံးဖြတ်ချက်တွေအထိ အေအိုင်ကပဲ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အေအိုင်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် တရားဝင် တာဝန်ယူ၊ တာဝန်ခံပေးရမယ့် လူသား စီမံခန့်ခွဲသူတစ်ဦးတော့ မဖြစ်မနေ ပါဝင်ရမှာ ဖြစ်ပါတယ်။

Have Milei's first six months improved the Argentine economy?

အာဂျင်တီးနားကို အေအိုင် နည်းပညာနယ်ပယ်ရဲ့ ဗဟိုချက်ဖြစ်လာစေပြီး နိုင်ငံတကာက နည်းပညာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ သမ္မတ မီလေ အစိုးရက ရည်ရွယ်ထားတာပါ။ တစ်ဖက်မှာတော့ အေအိုင်ရဲ့ မှားယွင်းမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ရှိလာရင် အပြည့်အဝ တာဝန်ယူနိုင်ဖို့ လူသားတွေရဲ့ စိစစ်ကြီးကြပ်မှု ပိုမိုလိုတယ်ဆိုပြီး ဝေဖန်သူတွေက ထောက်ပြထားကြပါတယ်။

Ref : Technology Innovation