တရုတ်အာဏာပိုင်တွေဟာ Alibaba နဲ့ ByteDance အပါအဝင် ထိပ်သီးနည်းပညာကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး နိုင်ငံအတွင်း ထုတ်လုပ်ထားတဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို ပြည်ပက အသုံးပြုခွင့် ကန့်သတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ AI နည်းပညာကို အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပါတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်လာတာကြောင့် အဆင့်မြင့် AI မော်ဒယ်တွေ ပြည်ပကို ပေါက်ကြားတာ ဒါမှမဟုတ် ခိုးယူခံရတာတွေကို တားဆီးနိုင်ဖို့ အမျိုးသားလုံခြုံရေးဥပဒေအောက်ကနေ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့အထိ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

Beijing looking at curbing foreign access to China's top AI models

အမေရိကန်ဘက်ကလည်း Anthropic ရဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို ပြည်ပနိုင်ငံတွေ သုံးစွဲခွင့် တားမြစ်တာတွေ ပြုလုပ်ခဲ့သလို တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေးဆိုင်ရာ အသုံးပြုမှုကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကလည်း အမေရိကန်ရဲ့ Mythos AI မော်ဒယ်ဟာ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပြီး ကိုယ်ပိုင် AI စနစ်တွေကို ပိုမိုကာကွယ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Beijing is looking at curbing overseas access to China's top AI models,  sources say - BusinessWorld Online

လက်ရှိမှာတော့ AI နည်းပညာ ပေါက်ကြားမှုကို ကာကွယ်ဖို့အတွက် နည်းပညာအဆင့်အလိုက် ထိန်းချုပ်မယ့် စနစ်တစ်ရပ်ကို အဆိုပြုထားကြပါတယ်။ ရိုးရှင်းတဲ့ Open-source မော်ဒယ်တွေကို သာမန်မှတ်ပုံတင်ရုံနဲ့ ခွင့်ပြုမှာဖြစ်ပြီး အဆင့်မြင့် နည်းပညာတွေကိုတော့ လုံခြုံရေးစိစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အာရုံစိုက်ရမယ့် အဆန်းသစ်ဆုံး မော်ဒယ်တွေကိုတော့ ပြည်တွင်းမှာပဲ သီးသန့်အသုံးပြုခွင့်ပေးဖို့ သို့မဟုတ် အများပြည်သူသုံးအဖြစ် ထုတ်လုပ်ခွင့် ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။

Ref : Bangkokpost