အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဒေတာစင်တာတွေအတွက် လျှပ်စစ်ဓာတ်အား အများဆုံး အသုံးပြုနေတဲ့ နိုင်ငံဖြစ်လာတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဒေတာစင်တာတွေရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှု စုစုပေါင်းထဲမှာ အမေရိကန်က ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး တရုတ်က ၂၅ ရာခိုင်နှုန်းနဲ့ ဥရောပက ၁၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီလို ဒေတာစင်တာတွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အရှိန်အဟုန်နဲ့ မြင့်တက်လာရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ ကလောက်ဒ်ကွန်ပျူတင်းနဲ့ အခြား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအပြင် ဥာဏ်ရည်တု (AI) နည်းပညာ လျှင်မြန်စွာ တိုးတက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Next-Generation Data Centers: Everything You Need To Know

ကမ္ဘာတစ်ဝန်း ဒေတာစင်တာတွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ၉၄၅ တာရာဝပ်နာရီ (TWh) အထိ ရောက်ရှိလာနိုင်ပြီး အဲဒီပမာဏဟာ ဂျပန်နိုင်ငံရဲ့ တစ်နှစ်စာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနဲ့ ညီမျှကာ လက်ရှိထက် နှစ်ဆကျော် မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒီလို တိုးတက်လာတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် နည်းပညာကုမ္ပဏီတွေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ AI ဒေတာစင်တာ အသစ်တွေ တည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ မြှင့်တင်ရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ အဆင့်မြင့် နျူကလီးယားစွမ်းအင် အပါအဝင် နည်းပညာသစ်တွေမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေကြပါတယ်။

Data Drain: The Land and Water Impacts of the AI Boom - Lincoln Institute  of Land Policy

AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်ရေးကို အထောက်အကူပြုပြီး ခိုင်မာတဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ထိန်းသိမ်းထားနိုင်ဖို့ စွမ်းအင်အရင်းအမြစ် ပေါင်းစပ်အသုံးပြုမှု လိုအပ်မယ်လို့ IEA က ထောက်ပြထားပါတယ်။ ဒီအစီရင်ခံစာက AI နည်းပညာဟာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အသစ်ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာနေပြီး အနာဂတ် AI တိုးတက်ရေးအတွက် စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြောင်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

Ref : Technology Innovation