ယူကေအစိုးရဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ်တွေအတွက် ညသန်းခေါင်ယံကနေ မနက် ၆ နာရီအထိ လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်မယ့် ညမထွက်ရအမိန့်ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဝန်ကြီးချုပ် ကီးရ် စတာမာ က အသက် ၁၆ နှစ်အောက် လူငယ်တွေအတွက် လူမှုကွန်ရက် သုံးခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

လူငယ်တွေရဲ့ စိတ်ကို စွဲလမ်းစေတဲ့ အဆုံးမရှိ စခရင်ဆွဲကြည့်တာမျိုးတွေကို ပိတ်ထားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ နည်းပညာဝန်ကြီး လစ်ဇ် ကန်ဒေါလ်က အဲဒီအစီအစဉ်ဟာ လူငယ်တွေ လုံလောက်တဲ့ အိပ်စက်ချိန်ရဖို့၊ ကျောင်းစာမှာ အာရုံစိုက်နိုင်ဖို့နဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အရည်အသွေးရှိတဲ့ အချိန်တွေ ကုန်ဆုံးနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက် လူငယ်တွေ အေအိုင် ချက်ဘော့တွေကို သုံးတဲ့အခါမှာလည်း ပုံမှန်အနားယူဖို့ လိုအပ်မယ့် စစ်ဆေးမှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Australia's kid social media ban is ineffective, study suggests

ဒီပြုပြင်ပြောင်းလဲမှုကို ကလေးသူငယ် ပရဟိတအဖွဲ့အချို့က ကြိုဆိုကြပေမယ့် ဝေဖန်သူတွေကတော့ ထိရောက်မှု ရှိပါ့မလားဆိုတာနဲ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်မလဲဆိုတာ မရှင်းလင်းဘူးလို့ ထောက်ပြထားကြပါတယ်။ လက်ရှိမှာ ဩစတြေးလျ၊ ကနေဒါ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေမှာလည်း လူငယ်တွေအတွက် လူမှုကွန်ရက် ပိတ်ပင်ကန့်သတ်မှုတွေကို အသီးသီး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

Ref : Bangkokpost