တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ Ultimate Robot Knock-out Legend (URKL) လူတူစက်ရုပ် MMA ပြိုင်ပွဲမှာ Engine AI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ T800 ရိုဘော့နှစ်ကောင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကို နာမည်ကြီး ကိုယ်ခံပညာရှင် သရုပ်ဆောင် ဒေါ်နီယန်း (Donnie Yen) အပါအဝင် လူပေါင်းများစွာ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပြီး စက်ရုပ်တွေရဲ့ တိကျပြတ်သားတဲ့ လှုပ်ရှားမှုတွေနဲ့ စွမ်းဆောင်ရည်တွေကို အံ့ဩချီးကျူးခဲ့ကြပါတယ်။

More than 200 teams from over a dozen countries and cities had enrolled, before 32 qualified. Photo: Handout

ပွဲစဉ်အတွင်း White Eagle အသင်းကိုယ်စားပြု ရိုဘော့ရဲ့ ပြင်းထန်တဲ့ ကန်ချက်ကြောင့် ပြိုင်ဘက် Bullfighter ရိုဘော့ရဲ့ ဦးခေါင်းပိုင်း အာရုံခံစနစ် ပြုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ Bullfighter ရိုဘော့ဟာ ခန္ဓာကိုယ်ရဲ့ အဓိကစနစ်နဲ့ Algorithm တွေကို အသုံးပြုပြီး လက်မလျှော့တမ်း ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ဆုံးမှာ ၃ ပွဲ ၂ ပွဲနဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းက ထိပ်တန်းတက္ကသိုလ်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေ ပါဝင်ယှဉ်ပြိုင်တဲ့ နည်းပညာစစ်မြေပြင်တစ်ခု ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲကနေရရှိတဲ့ နည်းပညာတွေနဲ့ Algorithm မြှင့်တင်မှုတွေဟာ လူတူစက်ရုပ်စက်မှုလုပ်ငန်းတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခြေခံအချက်အလက်တွေ ဖြစ်လာမှာဖြစ်ပြီး ရာသီကုန်အထိ ဆက်လက်ကျင်းပသွားမယ့် အဲဒီပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒူဘိုင်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Ref : South China Morning Post