တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်မှာရှိတဲ့ တိုင်တောင် (Mount Tai) မှာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့နဲ့ အမှိုက်တွေ ရှင်းလင်းဖို့အတွက် စက်ရုပ်ခွေးတစ်ကောင်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ခွေးဟာ တောင်ပေါ်ကို ရေသန့်ဘူးတွေ သယ်ဆောင်ပေးပြီး တောင်အောက်ကို အမှိုက်တွေ ပြန်လည်သယ်ဆောင်ပေးတဲ့ နေရာမှာ လူသားအထမ်းသမားတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။

ကင်မရာတွေနဲ့ အာရုံခံဆင်ဆာတွေ တပ်ဆင်ထားတဲ့ အဲဒီစက်ရုပ်ဟာ ၄၅ ဒီဂရီအထိ မတ်စောက်တဲ့ တောင်စောင်းတွေမှာ အလွယ်တကူ သွားလာနိုင်ပါတယ်။ အခေါက်တိုင်းမှာ ကီလိုဂရမ် ၃၀ ကနေ ၄၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ဘက်ထရီတစ်ခါအားသွင်းထားရင် ၄ နာရီကနေ ၆ နာရီအထိ အလုပ်လုပ်နိုင်ပါတယ်။ တစ်နှစ်ကို အမှိုက်တန်ချိန် ၂၄,၀၀၀ လောက် ထွက်ရှိတဲ့ အဲဒီတောင်မှာ အခုလို စက်ရုပ်တွေ အသုံးပြုလာတာဟာ အလုပ်သမားတွေရဲ့ ကာယအားစိုက်ထုတ်ရမှုကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပါတယ်။

China's Solution for Trash-Strewn Mountains: Robot Dog Porters

အဲဒီအစီအစဉ်ဟာ ခရီးသွားတွေအတွက် AI နည်းပညာသုံး ဝတ်ဆင်ရတဲ့ စက်ရုပ်အရိုးစု (Exoskeletons) တွေ အသုံးပြုတဲ့ “Smart Mount Tai” စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းက အခြားနာမည်ကြီး ခရီးသွားဒေသတွေမှာလည်း အလိုအလျောက်သွားလာနိုင်တဲ့ စက်ရုပ်ငါးတွေနဲ့ ကုန်တင်ဒရုန်းတွေလိုမျိုး AI နည်းပညာတွေကို စတင်အသုံးပြုနေပြီဖြစ်ပြီး ဒါဟာ နိုင်ငံအတွင်း AI နည်းပညာကို နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

Ref : Nation Thailand