နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple, Samsung နဲ့ Google တို့ဟာ သူတို့ရဲ့ Device တွေကို အမေရိကန် ဈေးကွက်မှာ ရောင်းချခွင့် ပိတ်ပင်ခံရနိုင်မယ့် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကော်မရှင် (USITC) က Spatial Audio မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အဲဒီ ကုမ္ပဏီကြီးတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Apple, Samsung, and Google face potential audio product ban in the US -  Gizmochina

ပြဿနာရဲ့ အစကတော့ ကယ်လီဖိုးနီးယားအခြေစိုက် အသံပိုင်းဆိုင်ရာ နည်းပညာကုမ္ပဏီငယ်လေး BoomCloud 360 ကနေ စတင်ခဲ့တာပါ။ သူတို့ရဲ့ Spatial Audio နည်းပညာ မူပိုင်ခွင့် ၃ ခုကို အဲဒီ ကုမ္ပဏီကြီး ၃ ခုက ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မူပိုင်ခွင့် ချိုးဖောက်ထားတဲ့ Device တွေ အားလုံးကို ဈေးကွက်ထဲကနေ ဖယ်ရှားတားမြစ်ပေးဖို့ကိုလည်း ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။

Apple, Samsung and Google face potential device ban in the US

လောလောဆယ်မှာတော့ ဘယ် Device မော်ဒယ်တွေက အဲဒီ မူပိုင်ခွင့်ကို ချိုးဖောက်ထားတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Apple, Samsung နဲ့ Google တို့ဘက်ကလည်း အလျော့မပေးဘဲ BoomCloud 360 ကို တန်ပြန်တရားစွဲဆိုမှုတွေ ပြုလုပ်ထားပါတယ်။ နည်းပညာလောကကို လှုပ်ခတ်သွားစေမယ့် အဲဒီ မူပိုင်ခွင့် အငြင်းပွားမှုကြီး ရှေ့ဆက် ဘယ်လို အဆုံးသတ်မလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Ref : gsmarena