AI နည်းပညာတွေက လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေက တစ်နေ့တခြား ကြီးမားလာနေပါပြီ။ အဲဒီလို အန္တရာယ်ကြီးမားတဲ့ AI တွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင်ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး အရေးတကြီး ဆွေးနွေးနေကြပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့ ဦးဆောင်တွေ့ဆုံခဲ့ကြတဲ့ အဲဒီဆွေးနွေးပွဲဟာ မကြာခင်ကျင်းပမယ့် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးအစည်းအဝေးအတွက် အကြိုပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

How Might the United States Engage with China on AI Security Without  Diffusing Technology? | RAND

အဲဒီဆွေးနွေးပွဲမှာ AI အရေးအပြင် ကုန်သွယ်ရေးနဲ့ အရေးပါတဲ့ တွင်းထွက်ပစ္စည်း ကိစ္စတွေကိုပါ အချေအတင် ဆွေးနွေးနေကြပါတယ်။ လူသားတွေရဲ့ ကြီးကြပ်မှု သိပ်မပါဘဲ ကိုယ့်ဘာသာ အလုပ်လုပ်လာနိုင်တဲ့ AI တွေအပြင် တခြား AI တွေကိုပါ အဆင့်မြှင့်ပေးနိုင်တဲ့ စွမ်းအားမြင့် AI (self-improving AI) တွေ ပေါ်ပေါက်လာမယ့် အလားအလာတွေကြောင့် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ AI လုံခြုံရေးစည်းမျဉ်းတွေကို ပူးပေါင်းရေးဆွဲဖို့ လမ်းဖွင့်ထားတယ်လို့ ဝန်ကြီး Bessent က ဆိုပါတယ်။

Where the U.S. and China Stand on AI Safety - Domino Theory

အဆိုးရွားဆုံး အခြေအနေတွေ မဖြစ်လာစေဖို့အတွက် နှစ်နိုင်ငံ ကျွမ်းကျင်သူတွေက အရေးကြီးတဲ့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ အဓိကကျတဲ့ ဆိုက်ဘာစစ်ဆင်ရေးတွေနဲ့ နျူကလီးယား လက်နက်စနစ်တွေကို AI လက်ထဲမအပ်ဘဲ လူသားတွေကသာ ဆက်လက်ထိန်းချုပ်ထားဖို့နဲ့ AI ကြောင့် အရေးပေါ်ပြဿနာ ပေါ်လာရင် ချက်ချင်းဆက်သွယ်နိုင်မယ့် အထူးဖုန်းလိုင်း (hotline) တစ်ခု ထားရှိဖို့ ပါဝင်ပါတယ်။ လောလောဆယ်မှာ ကိုယ်တိုင်တိုးတက်အောင် လုပ်နိုင်တဲ့ AI တွေကို တားမြစ်ဖို့ အတိအကျ သဘောတူညီချက် မရသေးပေမယ့် ပိုမိုကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေနဲ့အတူ အဖြေရှာနေကြဆဲ ဖြစ်ပါတယ်။

Ref : Technology Innovation