တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနဟာ Mobile Robot Special Act လို့ အမည်ပေးထားတဲ့ ဥပဒေမူကြမ်းကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေဟာ စက်ရုပ်တွေကို တိုက်ခန်းဝင်းတွေ၊ ယာဉ်ရပ်နားစခန်းတွေ၊ စက်ရုံအဆောက်အအုံတွေနဲ့ စိုက်ပျိုးရေးနယ်မြေတွေလို လူတွေရဲ့ နေ့စဉ်လူနေမှုဘဝနေရာတိုင်းမှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုခွင့်ပေးဖို့ ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါတယ်။

Robot walking down Michigan street stops traffic

အဆိုပါဥပဒေ အတည်ဖြစ်လာရင် ပစ္စည်းပို့ဆောင်ခြင်း၊ လုံခြုံရေးစောင့်ရှောက်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနဲ့ လျှပ်စစ်ယာဉ်များ အားသွင်းပေးခြင်းစတဲ့ ဝန်ဆောင်မှုအမျိုးမျိုးမှာ စက်ရုပ်တွေကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်တော့မှာပါ။ ဒါ့အပြင် စက်ရုပ်အမျိုးအစားအလိုက် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေ သတ်မှတ်ပေးမှာဖြစ်သလို မတော်တဆထိခိုက်မှု ဖြစ်ပွားပါကလည်း တာဝန်ရှိသူကို သဲသဲကွဲကွဲ ပိုင်းခြားသတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

Humanoid robot stuns passersby as it walks over 100 km across China in big  tech milestone | Guinness World Records

အစိုးရဟာ ဒီဥပဒေမူကြမ်းအတွက် စက်ရုပ်ကုမ္ပဏီ ၄၃ ခု၊ သုတေသနအဖွဲ့အစည်းတစ်ခုတို့နဲ့ ပါန်းဂျိုးမြို့မှာ တွေ့ဆုံကာ လုပ်ငန်းရှင်တွေရဲ့ အကြံပြုချက်များကို ရယူခဲ့ပြီး အမျိုးသားလွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက သတ်မှတ်ချက်မီ စက်ရုပ်တွေကို လူသွားလမ်းများပေါ်မှာ လူတွေအတိုင်း သွားလာခွင့်ပေးခဲ့တာဖြစ်ပြီး ခုဥပဒေအသစ်ကတော့ စက်ရုပ်နည်းပညာကို လူ့အဖွဲ့အစည်းထဲ ပိုမိုနက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ပေးမယ့် ဘောင်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation