[Zawgyi]

ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ Nova 4 စမတ္ဖုန္းသစ္အား Kirin 970 SoC နဲ႔ 48MP ကင္မရာတုိ႔ျဖင့္ မိတ္ဆက္ခဲ့ၿပီး တဲ့ေနာက္ Huawei ဟာ အဆုိပါဖုန္းရဲ႕ အနည္းငယ္ေစ်းပိုခ်ဳိမယ့္ဗားရွင္း Nova 4e ကို မတ္လ ၁၄ ရက္မွာ မိတ္ဆက္လာခဲ့ျပန္ပါတယ္။

Huawei Nova 4e စမတ္ဖုန္းမွာ Kirin 710 SoC တပ္ဆင္ထားၿပီး 4 GB သို႔မဟုတ္ 6 GB RAM မန္မိုရီ ေရြးခ်ယ္ႏုိင္တယ္။ စမတ္ဖုန္းအသစ္ကို Android Pie အေျခခံ EMUI 9 တန္းအသုံးျပဳႏုိင္ေအာင္ လုပ္ထားၿပီး 128GB Storage ပါဝင္ပါတယ္။

Nova 4e စမတ္ဖုန္းမွာ 6.15” လက္မအရြယ္ LCD Display တစ္ခုပါဝင္ကာ 19.5:9 ျမင္ကြင္းအခ်ဳိး ျဖစ္ပါတယ္။ Display ေပၚမွာ Waterdrop Notch တစ္ခုပါဝင္ၿပီး ဆယ္ဖီကင္မရာက 32 MP f/2.0 ျဖစ္တယ္။ ေနာက္ဘက္ကုိယ္ထည္ကို 3D Glass နဲ႔ဖုံးအုပ္ထားၿပီး Triple ကင္မရာကေတာ့ 24 + 8 + 2 MP ယူနစ္ပါ။

ဘကၳရီက 3,340 mAh ပါဝင္ကာ 18W အားအျမန္သြင္းစနစ္နဲ႔ ျဖစ္တယ္။ Nova 4e ကို Gradient Blue, Midnight Black နဲ႔ Pearl White ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ဝယ္ယူႏုိင္မွာပါ။ တရုတ္ျပည္တြင္းမွာေတာ့ မတ္ ၂၁ မွာတည္းက ဝယ္ယူႏုိင္မွာျဖစ္ၿပီး 4GB ဗားရွင္းကို တရုတ္ယြမ္ေငြ ၁,၉၉၉ (ျမန္မာေငြ ေလးသိန္းခြဲဝန္းက်င္) နဲ႔ 6GB ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၂,၂၉၉ (ျမန္မာေငြ ငါးသိန္းႏွစ္ေသာင္းဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။

Huawei Nova 4e စမတ္ဖုန္းဟာ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ P30 Lite ဆုိတဲ့ နာမည္နဲ႔ မတ္လ ၂၆ မွာ ထြက္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ဒီဇင်ဘာမှာ Nova 4 စမတ်ဖုန်းသစ်အား Kirin 970 SoC နဲ့ 48MP ကင်မရာတို့ဖြင့် မိတ်ဆက်ခဲ့ပြီး တဲ့နောက် Huawei ဟာ အဆိုပါဖုန်းရဲ့ အနည်းငယ်ဈေးပိုချိုမယ့်ဗားရှင်း Nova 4e ကို မတ်လ ၁၄ ရက်မှာ မိတ်ဆက်လာခဲ့ပြန်ပါတယ်။

Huawei Nova 4e စမတ်ဖုန်းမှာ Kirin 710 SoC တပ်ဆင်ထားပြီး 4 GB သို့မဟုတ် 6 GB RAM မန်မိုရီ ရွေးချယ်နိုင်တယ်။ စမတ်ဖုန်းအသစ်ကို Android Pie အခြေခံ EMUI 9 တန်းအသုံးပြုနိုင်အောင် လုပ်ထားပြီး 128GB Storage ပါဝင်ပါတယ်။

Nova 4e စမတ်ဖုန်းမှာ 6.15” လက်မအရွယ် LCD Display တစ်ခုပါဝင်ကာ 19.5:9 မြင်ကွင်းအချိုး ဖြစ်ပါတယ်။ Display ပေါ်မှာ Waterdrop Notch တစ်ခုပါဝင်ပြီး ဆယ်ဖီကင်မရာက 32 MP f/2.0 ဖြစ်တယ်။ နောက်ဘက်ကိုယ်ထည်ကို 3D Glass နဲ့ဖုံးအုပ်ထားပြီး Triple ကင်မရာကတော့ 24 + 8 + 2 MP ယူနစ်ပါ။

ဘက္ထရီက 3,340 mAh ပါဝင်ကာ 18W အားအမြန်သွင်းစနစ်နဲ့ ဖြစ်တယ်။ Nova 4e ကို Gradient Blue, Midnight Black နဲ့ Pearl White ဆိုပြီး အရောင်သုံးမျိုးနဲ့ ဝယ်ယူနိုင်မှာပါ။ တရုတ်ပြည်တွင်းမှာတော့ မတ် ၂၁ မှာတည်းက ဝယ်ယူနိုင်မှာဖြစ်ပြီး 4GB ဗားရှင်းကို တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ လေးသိန်းခွဲဝန်းကျင်) နဲ့ 6GB မော်ဒယ်က တရုတ်ယွမ်ငွေ ၂,၂၉၉ (မြန်မာငွေ ငါးသိန်းနှစ်သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Huawei Nova 4e စမတ်ဖုန်းဟာ နိုင်ငံတကာဈေးကွက်ကိုတော့ P30 Lite ဆိုတဲ့ နာမည်နဲ့ မတ်လ ၂၆ မှာ ထွက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena