[Zawgyi]

Facebook ပိုင္တဲ့ Instagram က ႀကိဳတင္သတိေပးျခင္း မရွိဘဲ အေကာင့္မ်ားကုိ ပိတ္ေလ့ရွိပါတယ္။ အခုေတာ့ ကုမၸဏီက သူ႔ရဲ႕ မူ၀ါဒကိုျပင္ဆင္ေတာ့မွာပါ။ အေကာင့္မ်ားကို မပိတ္ခင္မွာ ႀကိဳတင္ သတိေပးမႈမ်ား ျပဳလုပ္ေတာ့မွာပါ။ Instagram သံုးသူမ်ားအတြက္ေတာ့ ဒါဟာ သတင္းေကာင္းပါ။ Instagram က ပိတ္ပင္ထားတဲ့ ညစ္ညမ္းဓါတ္ပံုမ်ား၊ အမုန္းစကားမ်ား၊ ေ၀ဖန္တိုက္ခုိက္ျခင္းမ်ား၊ မူးယစ္ေဆး၀ါး ေရာင္းခ်ျခင္းမ်ား၊ အၾကမ္းဖက္ျခင္းမ်ားနဲ႔ ပတ္သက္တဲ့ ပို႔စ္မ်ားကို တင္တဲ့ အခါမွာ အေကာင့္ကို ပိတ္သိမ္းခံရႏိုင္တယ္ဆိုတဲ့ သတိေပးစာကို Notification ကေန Users မ်ားက ရရွိၾကမွာ ျဖစ္ပါတယ္။

Users မ်ားက Instagram က ဖ်က္လိုက္တဲ့ Content မ်ားကို ျပန္လည္ စဥ္းစားေပးဖို႔ ေတာင္းဆိုႏိုင္မယ့္ အခြင့္အေရး ရရွိမွာ ျဖစ္ၿပီး Help Center ကို သြားစရာ မလိုဘဲ App မွာပဲ အေကာင့္ကို Disable ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Instagram က စည္းကမ္းခ်ိဳးေဖာက္တဲ့ အေကာင့္မ်ားရဲ႕ ရာခုိင္ႏႈန္း အခ်ိဳ႕ကို ဖယ္ရွားမွာ ျဖစ္သလို အခ်ိန္ အတိုင္းအတာ တစ္ခုအတြင္းမွာ စည္းကမ္းခ်ိဳးေဖာက္မႈ အေရအတြက္ကို အေျခခံၿပီးလည္း အေကာင့္မ်ားကို ဖယ္ရွားမယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ မိခင္ ကုမၸဏီ Facebook ကလည္း အလားတူ မူ၀ါဒမ်ားကို ခ်မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္မွာ Instagram က ပုဂၢိဳလ္ေရး တိုက္ခိုက္မႈမ်ားကို ကာကြယ္ေပးမယ့္ ဥာဏ္ရည္တု နည္းပညာ အေျချပဳ လုပ္ေဆာင္ခ်က္မ်ားကို ထည့္သြင္းေပးခဲ့ပါတယ္။ ေဆာ့ဖ္၀ဲက စည္းကမ္းနဲ႔ မညီတဲ့ ပို႔စ္မ်ားကို အလိုလို ရွာေဖြ စစ္ေဆးေပးမွာ ျဖစ္ပါတယ္။ ကုမၸဏီဟာ သူ႔ရဲ႕ လူမႈကြန္ရက္ကို လံုျခံဳ ေဘးကင္းတဲ့ ေနရာတစ္ခုျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။

Ref : gsmarena

[Unicode]

Instagram က သင့် အကောင့်ကို မပိတ်ခင်မှာ သတိပေးမည်

Facebook ပိုင်တဲ့ Instagram က ကြိုတင်သတိပေးခြင်း မရှိဘဲ အကောင့်များကို ပိတ်လေ့ရှိပါတယ်။ အခုတော့ ကုမ္ပဏီက သူ့ရဲ့ မူဝါဒကိုပြင်ဆင်တော့မှာပါ။ အကောင့်များကို မပိတ်ခင်မှာ ကြိုတင် သတိပေးမှုများ ပြုလုပ်တော့မှာပါ။ Instagram သုံးသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါ။ Instagram က ပိတ်ပင်ထားတဲ့ ညစ်ညမ်းဓါတ်ပုံများ၊ အမုန်းစကားများ၊ ဝေဖန်တိုက်ခိုက်ခြင်းများ၊ မူးယစ်ဆေးဝါး ရောင်းချခြင်းများ၊ အကြမ်းဖက်ခြင်းများနဲ့ ပတ်သက်တဲ့ ပို့စ်များကို တင်တဲ့ အခါမှာ အကောင့်ကို ပိတ်သိမ်းခံရနိုင်တယ်ဆိုတဲ့ သတိပေးစာကို Notification ကနေ Users များက ရရှိကြမှာ ဖြစ်ပါတယ်။

Users များက Instagram က ဖျက်လိုက်တဲ့ Content များကို ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုနိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်ပြီး Help Center ကို သွားစရာ မလိုဘဲ App မှာပဲ အကောင့်ကို Disable ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Instagram က စည်းကမ်းချိုးဖောက်တဲ့ အကောင့်များရဲ့ ရာခိုင်နှုန်း အချို့ကို ဖယ်ရှားမှာ ဖြစ်သလို အချိန် အတိုင်းအတာ တစ်ခုအတွင်းမှာ စည်းကမ်းချိုးဖောက်မှု အရေအတွက်ကို အခြေခံပြီးလည်း အကောင့်များကို ဖယ်ရှားမယ်လို့ ပြောပါတယ်။ သူ့ရဲ့ မိခင် ကုမ္ပဏီ Facebook ကလည်း အလားတူ မူဝါဒများကို ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ Instagram က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို ကာကွယ်ပေးမယ့် ဉာဏ်ရည်တု နည်းပညာ အခြေပြု လုပ်ဆောင်ချက်များကို ထည့်သွင်းပေးခဲ့ပါတယ်။ ဆော့ဖ်ဝဲက စည်းကမ်းနဲ့ မညီတဲ့ ပို့စ်များကို အလိုလို ရှာဖွေ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ လူမှုကွန်ရက်ကို လုံခြုံ ဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။

Ref : gsmarena