[Zawgyi]
အိႏၵိယဟာ ကမာၻ႕အႀကီးမားဆံုး စမတ္ဖုန္း ေစ်းကြက္ ၁ ခု ျဖစ္ၿပီး ကုမၸဏီေတြက အဲဒီ ႏုိင္ငံမွာ ေရာင္းအားေကာင္းဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ အိႏၵိယမွာ တန္ဖိုးနည္းနဲ႔ တန္ဖိုးသင့္ စမတ္ဖုန္းေတြဟာ ေရာင္းအား အရမ္းေကာင္းပါတယ္။ တရုတ္ စမတ္ဖုန္း ကုမၸဏီ Xiaomi ဟာ အဲဒီလို စမတ္ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ရာမွာ နာမည္ႀကီးၿပီး ေပးရတဲ့ ေစ်းထက္ တန္တဲ့ စမတ္ဖုန္းေတြလို႔ေတာင္ ေျပာၾကပါတယ္။ အိႏၵိယမွာ Xiaomi ဟာ လူႀကိဳက္ အရမ္းမ်ားပါတယ္။
အခုေတာ့ Xiaomi ဟာ အိႏၵိယ ေစ်းကြက္ကို စတင္ ၀င္ေရာက္တဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္ကေန အခုအခ်ိန္အထိ စမတ္ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ၿပီလို႔ IDC ရဲ႕ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ၂၀၁၄ ခုႏွစ္ ဇူလိုင္လကေန ၂၀၁၉ ခုႏွစ္ ဇြန္လအထိ ေရာင္းအား ျဖစ္ၿပီး Redmi A နဲ႔ Redmi Note Series ေတြေၾကာင့္ ဒီေလာက္ေရာင္းအားေကာင္းတာလို႔ စစ္တမ္းက ေျပာပါတယ္။
Mi fans, with immense pride we announce that we've has officially shipped 100 Mn smartphones. ?
We reached this mark in just 5 years. The fastest brand to do so. ️#NoMiWithoutYou
RT with #XiaomiIndia, #100MillionXiaomi, & tag @manukumarjain to win 100 #Xiaomi products pic.twitter.com/nVtaO0cfMA
— Mi India for #MiFans (@XiaomiIndia) September 6, 2019
ေနာက္ထပ္ သတင္း ၁ ပုဒ္ကေတာ့ Xiaomi ဟာ Calendar, Installer နဲ႔ Download Manager တို႔လို System Apps ေတြမွာ ျပသတဲ့ ေၾကာ္ျငာေတြကို Users ေတြက ပိတ္ပင္ႏုိင္ေအာင္ ျပဳလုပ္ေပးမယ္လို႔ Android Authority ကို အတည္ျပဳခဲ့ပါတယ္။ ကုမၸဏီက Ad Switch ကို လက္ရွိမွာ စမ္းသပ္ေနၿပီး MIUI 9.8.29 Update နဲ႔ တရုတ္မွာ ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျဖန္႔ခ်ီေပးမယ့္ အခ်ိန္နဲ႔ Ad Switch ကို Global Builds မွာ ထည့္သြင္းေပးမယ့္ အခ်ိန္ေတြကို မသိရေသးပါဘူး။
Ref : gsmarena
[Unicode]
အိန္ဒိယမှာ စမတ်ဖုန်း သန်း ၁၀၀ ကျော် ရောင်းချနိုင်ပြီ ဖြစ်တဲ့ Xiaomi
အိန္ဒိယဟာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက် ၁ ခု ဖြစ်ပြီး ကုမ္ပဏီတွေက အဲဒီ နိုင်ငံမှာ ရောင်းအားကောင်းဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အိန္ဒိယမှာ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေဟာ ရောင်းအား အရမ်းကောင်းပါတယ်။ တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomi ဟာ အဲဒီလို စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပြီး ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေလို့တောင် ပြောကြပါတယ်။ အိန္ဒိယမှာ Xiaomi ဟာ လူကြိုက် အရမ်းများပါတယ်။
အခုတော့ Xiaomi ဟာ အိန္ဒိယ ဈေးကွက်ကို စတင် ဝင်ရောက်တဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကနေ အခုအချိန်အထိ စမတ်ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ IDC ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၉ ခုနှစ် ဇွန်လအထိ ရောင်းအား ဖြစ်ပြီး Redmi A နဲ့ Redmi Note Series တွေကြောင့် ဒီလောက်ရောင်းအားကောင်းတာလို့ စစ်တမ်းက ပြောပါတယ်။
Mi fans, with immense pride we announce that we've has officially shipped 100 Mn smartphones. ?
We reached this mark in just 5 years. The fastest brand to do so. ️#NoMiWithoutYou
RT with #XiaomiIndia, #100MillionXiaomi, & tag @manukumarjain to win 100 #Xiaomi products pic.twitter.com/nVtaO0cfMA
— Mi India for #MiFans (@XiaomiIndia) September 6, 2019
နောက်ထပ် သတင်း ၁ ပုဒ်ကတော့ Xiaomi ဟာ Calendar, Installer နဲ့ Download Manager တို့လို System Apps တွေမှာ ပြသတဲ့ ကြော်ငြာတွေကို Users တွေက ပိတ်ပင်နိုင်အောင် ပြုလုပ်ပေးမယ်လို့ Android Authority ကို အတည်ပြုခဲ့ပါတယ်။ ကုမ္ပဏီက Ad Switch ကို လက်ရှိမှာ စမ်းသပ်နေပြီး MIUI 9.8.29 Update နဲ့ တရုတ်မှာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြန့်ချီပေးမယ့် အချိန်နဲ့ Ad Switch ကို Global Builds မှာ ထည့်သွင်းပေးမယ့် အချိန်တွေကို မသိရသေးပါဘူး။
Ref : gsmarena